လမ်းတစ်ဝက်စာဘဲ ဘတ်ဂျက်ရထားတာကြောင့် လမ်းခင်းဖို့ အခက်ကြုံတွေ့နေရ တယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စား လှယ်တဦးက ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာသုံးစွဲဖို့ လျာထားတဲ့ ငွေတွေထဲက ရန်ကုန်ရှိ လမ်းတစ်လမ်းကို ပြုပြင်ဖို့ကိစ္စမှာ လမ်းတစ်ဝက်စာတန်ဖိုးကိုသာ ဘတ်ဂျက်ချထားပေးလို့ လမ်းခင်းဖို့ အခက်အခဲဖြစ်နေတာလို့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောပါတယ်။
လမ်းတစ်ဝက်စာ ဘတ်ဂျက်ရထားတဲ့လမ်းဟာ ရန်ကင်းမြို့နယ်ထဲက ကန်ဘဲ့လမ်း ဖြစ်ပါတယ်။ ဒီနှစ်ဘတ်ဂျက်ထဲမှာ အမှန်တကယ်သုံးစွဲဖို့ လိုအပ်တဲ့ လုပ်ငန်းတွေမပါဝင်ဘဲ စည်ပင်သာယာရေးက ရုံးသုံးကား အစီးပေါင်း ၁၀၀ကို ၀ယ်ယူဖို့ တင်ပြထားတွေဟာ တကယ်လို့အပ်သလားဆိုပြီး လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်ပါတယ်။
ဘတ်ဂျက်ချထားပေးရာမှာ ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေ ဆွေးနွေးပြီး လုပ်ဆောင်ဖို့ တင်ပြထားတဲ့ လုပ်ငန်းတွေဟာ စည်ပင်က လုပ်ဆောင်ဖို့ တင်ပြထားတဲ့ လုပ်ငန်းထက်ဝက်လောက်တောင် ပါမလာဘူးလို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ သုံးစွဲဖို့ ငွေကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ လျာထားပြီး ဒီငွေတွေနဲ့ ရန်ကုန်တိုင်းအတွင်းက ၄၅ မြို့အတွက် စီမံကိန်း ၈၀၀ ကျော်မှာ သုံးစွဲမှာပါ။ မူလက ဌာန ၂၇ ခုကနေ ကျပ်ငွေ ၁၁၈၈ ဘီလီယံကို တောင်းခံခဲ့ပေမယ့် အစိုးရအဖွဲ့က ကျပ် ၄၄၉ ဘီလီယံကို ပြန်လည်ဖြတ်တောက်ခဲ့ပါတယ်။
ဒီဘတ်ဂျက်ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၃၉၁ ဘီလီယံနဲ့ အများဆုံး သုံးစွဲမှာဖြစ်ပြီး အစိုးရအဖွဲ့ကတော့ ၁၃၈ ဒသမ ၆ ဘီလီယံ နဲ့ ဒုတိယအများဆုံး သုံးစွဲမှာပါ။
DVB

No comments:
Post a Comment