Thursday, May 10, 2018

ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူခွင့်ပြုချက်ဖြင့် ရေကြောင်းရဲတပ်ဖွဲ့ ၏ ဖွဲ့စည်းပုံနှင့်အင်အားကို တိုးချဲ့


ရေကြောင်းရဲတပ်ဖွဲ့ ၏ ဖွဲ့စည်းပုံနှင့်အင်အားကို တိုးချဲ့လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ကြေညာသည်။

၂၀၁၈ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပါတ်က ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး(၂/၂၀၁၈) မှ သဘောတူခွင့်ပြုချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကရေကြောင်းရဲတပ်ဖွဲ့ ၏ ဖွဲ့စည်းပုံနှင့်အင်အားကို တိုးချဲ့လိုက်ခြင်းဖြစ်ပြီး၊တပ်ဖွဲ့ဝင် အင်အားအနေဖြင့် ယခင်၊ယခုကွာခြားချက် ၅၀၀နီးပါး ရှိမည်ဖြစ်သည်။

ပင်လယ်ဓါးပြမှုများ ကာကွယ်တားဆီးရန်နှင့် ဖော်ထုတ်အရေးယူရန်၊ရေပြင်အကြမ်းဖက်မှုများအား တန်ပြန်အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်ရန်၊ရေပြင်ပိုင်နက်မှတစ်ဆင့် လူ၊ လက်နက်မှောင်ခိုမှုများကို တားဆီးနှိမ်နင်းရန်၊ဆိပ်ကမ်းနယ်မြေ(Port Area)အတွင်း ရာဇဝတ်မှု၊ ဒုစရိုက်မှုများ မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ရန် အစရှိသည့် ရဲလုပ်ငန်းစဉ်များဆောင်ရွက်ရန် အတွက် ၂၀၁၂ခုနှစ် ဇွန်လ ၂၀ရက်နေ့က မှ စတင်ဖွဲ့စည်းလိုက်သော ယင်းတပ်ဖွဲ့သည် ဖွဲ့စည်းပုံနှင့်အင်အားကို မတိုးချဲ့မှီအချိန်က ရဲမှူးချုပ်ဦးစီးသည့် တပ်ဖွဲ့မှူးရုံးအပါအ၀င် တပ်ဖွဲ့ခွဲ၅ခု၊တပ်ဖွဲ့စု(၆)စုသာ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

ယခုတိုးချဲ့လိုက်မှုကြောင့် ရေကြောင်းရဲတပ်ဖွဲ့တွင် ရဲမှူးချုပ်ဦးစီးသည့် တပ်ဖွဲ့မှူးရုံးအပါအ၀င် ရဲမှူးကြီးများ ဦးစီးသည့် ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲ(၃)ခု၊တပ်ဖွဲ့ခွဲ(၆)ခု၊တပ်ဖွဲ့စု ၁၈ခု၊လုံခြုံရေးတပ်ခွဲ(၆)ခု နှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ကမ်းရိုးတန်းသွားကင်းလှည့်ယာဉ်များ၊ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့်ဆက်ဆံရေးဌာနခွဲ စသည်တို့ရှိလာမည်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ရေကြောင်းရဲ တပ်ဖွဲ့ခွဲများကို ၀မ်ပုံ၊မန္တလေး၊ရန်ကုန်၊ကျောက်ဖြူ နှင့် ထားဝယ် တို့တွင် ဖွင့်လှစ်ထားပြီး ယခု မုံရွာ မြို့တို့တွင်ပါ ဖွင့်လှစ်တော့မည်ဖြစ်သည်။

Popular News Journal
ပုံစာ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရေကြောင်းရဲတပ်ဖွဲ့ စု(မြိတ်) မှ ရဲရင့်မာန်(၃၃၂)ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။

No comments:

Post a Comment