Thursday, May 10, 2018

တရုတ် သမ္မတ ရှီကျင့်ဖျင့်ကို ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာသြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်း ဖော်ပြ


Fobres မဂ္ဂဇင်းက တရုတ် သမ္မတ ရှီကျင့်ဖျင့် ကို ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ပထမဆုံးအကြိမ်သတ်မှတ် ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟာ ရှီကျင့်ဖျင့်ရဲ့ သမ္မတ သက်တမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ က ပယ်ဖျက်ပေးလိုက်ပြီးနောက် Forbes မဂ္ဂဇင်းက ရှီကျင့်ဖျင့် ကို ကမ္ဘာသြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာသြဇာအရှိဆုံးသူတွေကို အဆင့်သတ်မှတ်ဖော်ပြခဲ့ရာ နိုင်ငံရေးသမား၊ စီးပွားရေးနဲ့ အခြား အင်စတီကျူးရှင်းနယ်ပယ်ထဲက အမျိုးသား ၊အမျိုးသမီးတွေ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

ရှီကျင့်ဖျင့် ဟာ သမ္မတဟောင်းမော်စီတုံးနောက်ပိုင်း သူရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာနိုင်ငံရေး သီအိုရီတွေကို တရုတ် အင်စတီကျူးရှင်းတွေမှာ သတ်မှတ်ဖော်ခံခဲ့ရပါတယ်။ ဒါအပြင် ၂၀၁၀ ခုနှစ်တည်း ရုရှား သမ္မတအဖြစ် တာဝန်ယူနေတဲ့ ပူတင် ဟာ Forbes မဂ္ဂဇင်းရဲ့ သြဇာအကြီးဆုံး ပုဂ္ဂိုလ်စာရင်းမှာ ဒုတိယနေရာမှာရှိနေပြီး အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကတော့ တတိယနေရာမှာရှိနေခဲ့ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မိုဒီကတော့ ဂျာမနီဝန်ကြီးချုပ်မာကယ်၊ ပုပ်ရဟန်းမင်းကြီး၊ သန်းကြွယ်သူဌေးကြီး ဂျက်ဖ်ဘီဇိုစ့်၊ ဘီဂတ်တို့နောက်မှာရှိနေကာ အဆင့် ၉ မှာရှိနေခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒုတိယ သြဇာအကြီးဆုံးပုဂ္ဂိုလ် လီချန်ခကတော့ ၂၀၁၈ ခုနှစ်အတွက် Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲတဲ့ ကမ္ဘာသြဇာအကြီးဆုံး ပုဂ္ဂိုလ်တွေစာရင်းမှာအဆင့် ၁၅ နေရာမှာရှိနေခဲ့ပါတယ်။


သားဖိုးကောင်း(အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment