Tuesday, May 8, 2018

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး စတင်ကျင်းပ


ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို မေလ ၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ဖျက်မှု ရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ JMC အဆင့်ဆင့်၏ နည်းပညာ အထောက်အကူပြု ရုံးအဖွဲ့ဝင်များ ပါဝင်တတ်ရောက်ကြကြောင်း သိရသည်။

မျက်နှာစုံညီ အစည်းအဝေးကို မေလ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း JMC အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက် အသေးစိတ် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး (KNU)နှင့် ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံတို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ဖျက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S များကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားပြီး ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင်ကြည့်ရေးကော်မတီ JMC-L များကို ရှမ်းပြည်နယ် တောင်ပိုင်း၊လင်းခေးမြို့နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့တွင် ဖွဲ့စည်းထားကြောင်း သိရသည်။



အောင်သူရိန် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment