Thursday, May 10, 2018

NCA လက်မှတ်ထိုးခေါင်းဆောင်များ အစည်းအဝေးတွင် အစိုးရနှင့် တွေ့ဆုံမည့်ကိစ္စ အဓိကဆွေးနွေး


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသတောတူ စာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ လုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် မေလလယ်၌ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည့်ကိစ္စကို    အဓိကအ ချက်အနေဖြင့်    ဆွေးနွေးနေ ကြောင်း PPST အဖွဲ့ဝင်ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။

PPST အစည်းအဝေးကို မေလ ၉ ရက်က စတင်ပြီး ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေကာ ဆွေးနွေးပွဲကို မူလက မေလ ၁၀ ရက်အထိကျင်းပရန် စီစဉ်ထားသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်၍ မေလ ၁၁ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ညှိနှိုင်းဆွေး နွေး၊ညှိနှိုင်းအဖြေရှာ လုပ်နေတာ နှစ်ရက်ကြာသွားပြီ။ ဘာတွေ လဲဆိုတော့ မေလကုန်မှာ လုပ်မယ့် ၂၁ ရာစုပင်လုံ တတိယအ စည်းအဝေးကိစ္စပေါ့။ အဲဒါပါပဲ။ ဒီကြားထဲမှာ အလွတ်သဘော တွေဖို့ အစိုးရဘက်က ၁၄ ရက်နဲ့ ၁၅ ရက် ကျွန်တော်တို့ ချိန်းတဲ့အ တိုင်း ပြန်ပြီးကမ်းလှမ်းလာတော့ အဲဒါတွေ တိုင်ပင်နေကြတာပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။

PPST အစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပ နိုင်မည့်ရက် ကိစ္စ၊ ဧပြီအတွင်းက အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များအကြား နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍဆိုင် ရာအလွတ်သဘောဆွေးနွေးထား မှု ကိစ္စနှင့်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များအကြား အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ လူထုတွေ့ဆုံဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် ကိစ္စတို့ကို အဓိကဆွေးနွေးမည် ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များ၏ NCA-S EAO Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၁၅ တွင် တိုင်းရင်းသား အဖွဲ့ ရှစ်ဖွဲ့ NCA လက်မှတ်ရေး ထိုးပြီး  ယခုနှစ်ဖေဖော်ဝါရီ၌ မွန်နှင့် လားဟူအဖွဲ့တို့ NCA လက်မှတ်ထိုးရာစုစုပေါင်း အပစ်ရပ် လက်မှတ်ထိုးအဖွဲ့  ၁၀  ဖွဲ့ရှိ သည်။

 ယင်းတို့သည် ကရင်အမျိုး သား အစည်းအရုံး (KNU)၊ ရှမ်း ပြည်   ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရစ်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအ မျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ KNU/KNLA- ငြိမ်း ချမ်းရေးကောင်စီနှင့် လားဟူဒီမို ကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။

7Day

No comments:

Post a Comment