Tuesday, June 19, 2018

ရခိုင်အရေးတွင် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းနှင့် သီးခြားကော်မရှင်ဖွဲ့စည်းရန် ဆုံးဖြတ်ခြင်းကို အီးယူကြိုဆို

အစိုးရနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းနှစ်ခု အကြား နားလည်မှုစာချွန်လွှာရေး ထိုးခြင်းနှင့် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေးချိုးဖောက်မှုများကို စုံစမ်း ဖော်ထုတ်ရန် သီးခြားကော်မရှင် ဖွဲ့စည်းရန် ဆုံးဖြတ်ခြင်းကို ကြို ဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ) သံကိုယ် စားလှယ်အဖွဲ့နှင့် အီးယူအဖွဲ့ဝင်နိုင်ငံ သံအဖွဲ့အကြီးအကဲများက ဇွန်လ ၁၉ ရက်တွင် သဘောထား ထုတ်ပြန်သည်။

ဇွန်လ ၆ ရက်က မြန်မာနိုင်ငံ အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်(UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR)တို့အကြား နား လည်မှုစာချွန်လွှာ ရေးထိုးခြင်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက် ဘေး ကင်းလုံခြုံစွာဖြင့် နေရပ်သို့   ပြန် လည်အခြေချနိုင်စေမည့် အခြေ အနေများ    ဖန်တီးပေးနိုင်ရန် အရေးပါပြီး လိုအပ်သည့် ခြေ လှမ်းတစ်ရပ်ဖြစ်ကြောင်း အီးယူ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြသည်။

‘‘ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင် နိုင်ငံများသည် ကုလသမဂ္ဂနှင့် အခြားပြည်တွင်းနှင့် နိုင်ငံတကာ မှ မိတ်ဖက်အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်း အကန့်အ သတ်မရှိ၊ နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ သွားရောက်ခွင့်ပြုလိမ့် မည်ဟု မျှော်လင့်လျက်ရှိပါသည်’’ ဟုလည်း အီးယူက ဆိုသည်။

ထို့ပြင် အီးယူနှင့် အဖွဲ့ဝင် နိုင်ငံများသည် ရခိုင်ပြည်နယ်အ တွင်း လူ့အခွင့်အရေးချိုးဖောက်မှု များ စုံစမ်းဖော်ထုတ်ရေး သီးခြား ကော်မရှင်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၏ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ် အတွင်း    လူ့အခွင့်အရေးချိုး ဖောက်မှုများ စုံစမ်းဖော်ထုတ်ရာ တွင် ပွင့်လင်းမြင်သာပြီး တာဝန် ယူမှု၊ တာဝန်ခံမှုရှိသည့် စုံစမ်းမှု များဖြစ်စေရန် ပံ့ပိုးပေးနိုင်မည့် ခိုင်မာသည့်   ခြေလှမ်းတစ်ရပ် အနေဖြင့် ကြိုဆိုကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

‘‘ဥရောပသမဂ္ဂအနေဖြင့် ထပ်မံ၍ ပွင့်လင်းမြင်သာသည့် စုံစမ်းဖော်ထုတ်မှုများကို အပြည့် အဝ   အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မရှင်၏ လုပ်ပိုင်ခွင့်များနှင့် ဖွဲ့စည်းပုံအ သေးစိတ်ကို သိရှိနိုင်ရန်လည်း မျှော်လင့်လျက်ရှိပါသည်’’ဟု ဖော် ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခို လှုံနေသည့် ဒုက္ခသည်များအနေ ဖြင့် မိမိတို့၏ သဘောဆန္ဒအ လျောက် ပြန်လည်အခြေချရန် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ပွင့်လင်းမြင်သာမှုလိုအပ်ကြောင်း  နှင့် ဥရောပသမဂ္ဂသည် ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် နောက်ဆုံးအစီရင်ခံစာတွင် ဖော် ပြထားသည့် အကြံပေးချက်များ ကို အပြည့်အဝအကောင်အထည် ဖော်ခြင်းကို ထောက်ခံအားပေး ကြောင်း   အီးယူက   ထုတ်ပြန် သည်။

ထို့ပြင် အီးယူအနေဖြင့် ထပ် မံ၍ ပွင့်လင်းမြင်သာသည့် စုံစမ်း ဖော်ထုတ်မှုများ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက် မည့် ကော်မရှင်၏လုပ်ပိုင်ခွင့်များ နှင့် ဖွဲ့စည်းပုံအသေးစိတ်ကို သိရှိ နိုင်ရန် မျှော်လင့်ကြောင်း ယမန် နေ့ သဘောထားထုတ်ပြန်ချက် တွင် ဖော်ပြသည်။

7Day

No comments:

Post a Comment