Monday, June 11, 2018

စိန်ခေါ်မှုများကို သမ္မတ ထရမ့်နှင့် ပူးပေါင်းဖြေရှင်းမည်ဟု ကင်ဂျုံအန်း ပြော


အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်ဖက်ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းက ကက်ပယ်လာဟိုတယ် ဆွေးနွေးပွဲခန်းမမှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲစတင်ရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ကျနော်တို့ တွေ့ဆုံဆွေးနွေးခွင့်ရတာ အလွန်ဂုဏ်ယူပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုကို အတူအကွ ရယူသွားကြမယ်ဆိုတာ ကျနော်သိပါတယ်။ အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ ကျနော်တို့ရဲ့ ပြဿနာအကြီးကြီး၊ အကျပ်အတည်း အကြီးကြီးကို ဖြေရှင်းသွားနိုင်မှာပါ။ ဂရုတစိုက် ကိုင်တွယ်သွားမှာပါ။ အခုလိုတွေ့ရတာ အလွန်ဂုဏ်ယူပါတယ်လို့ ပြောကြားခဲ့ပါတယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကလည်း “စိန်ခေါ်မှုတွေကတော့ စောင့်ကြိုနေပါတယ်။ ဒါပေမယ့် သမ္မတထရမ့်နဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားမှာပါ။ ဒီထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သံသယအမျိုးမျိုး၊ ထင်မြင်ယူဆချက် အမျိုးမျိုးတို့ကို ကျနော်တို့ ကျော်လွှားနိုင်ခဲ့ပါပြီ။ ဒီလိုကျော်လွှားနိုင်ခဲ့တာဟာ ငြိမ်းချမ်းရေးအတွက် ကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

DVB

No comments:

Post a Comment