အမေရိကန် သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအန်တို့ရဲ့ သမိုင်းဝင်ထိပ်သီးတွေ့ဆုံပွဲကို စင်ကာပူနိုင်ငံမှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပနေပါပြီ ။
ထရမ်နဲ့ ကင်ဂျုံအန်တို့ရဲ့ တွေ့ဆုံမှုဟာ ကိုရီးယားကျွန်းဆွယ် မှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်းတွေ ဖြစ်လာနိုင်တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဆိုထားပါတယ်။
ထိပ်သီးတွေ့ဆုံပွဲကိုတော့ ဆန်တိုဆာ အပန်းဖြေ ကျွန်းမှာရှိတဲ့Capellaဟိုတယ်မှာ ကျင်းပနေတာဖြစ်ပြီး ဒီလိုတွေ့ဆုံပွဲဖြစ် လာဖို့အတွက် ကန်ဒေါ်လာသန်း ၂၀ လောက်သုံးစွဲမှာဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ်က မီဒီယာတွေကို ပြောထားပါတယ်။
လက်ရှိအချိန်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ တံခါးပိတ်တွေ့ဆုံဆွေးနွေးကြပါတယ်။
ဓာတ်ပုံ - EPA
7Day News Journal











0 comments:
Post a Comment