Sunday, June 3, 2018

တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး အစိုးရဦးဆောင်ပြင်ဆင်


ကချင်ဒေသရှိ စစ်ရှောင်စခန်းများအပါအ၀င် ပြည်နယ်လေးခုရှိ IDP (ပြည်တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူများ) စခန်းအားလုံး ပိတ်သိမ်းနိုင်ရေး အစိုးရ ကဦးဆောင်ဆောင်ရွက်ရန်  စတင်ဆွေးနွေးနေသည်။

အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂ ရက်က ကျင်းပရာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

‘‘IDP စခန်းတွေ ပိတ်နိုင်ဖို့ အမျိုးသားအဆင့် မဟာဗျူဟာ တစ်ရပ်ချမှတ်နိုင်ဖို့ ဆွေးနွေးကြတာ’’ဟု ဇွန်လ ၂ ရက်က ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ကပြောသည်။

IDP စခန်းများပိတ်သိမ်းရာ တွင် နိုင်ငံတကာနှင့် ပူးပေါင်း၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လိုသောကြောင့် ယခုအလုပ်ရုံဆွေးနွေးပွဲ ကျင်း ပရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ သတင်းထုတ်ပြန် ထားသည်။

နိုင်ငံတော်၏ ဦးဆောင်မှု ဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင် ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာကလက်ခံနိုင်သည့် မဟာဗျူဟာစီမံချက်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာလကြာရှည်ပြီဖြစ်သော IDP စခန်းများ ပိတ်သိမ်းနိုင်ရေး အ ရှိန်အဟုန်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း  ၀န်ကြီးက ရေးသား ထားသည်။

တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ အ ကြား ဖြစ်ပွားသော တိုက်ပွဲများ ကြောင့် ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည်နယ်တို့မှ ပဋိပက္ခ ဖြစ်ပွားရာဒေသများရှိ ပြည်သူများစစ်ဘေးဒုက္ခသည်စခန်းများ၌ နေထိုင်နေရသည်။ ကချင်ပြည်နယ်တွင် စစ်ရှောင်ဦးရေ အများဆုံးဖြစ်ပြီး တစ်သိန်းကျော်ရှိ သည်။ သဘာဝဘေးအန္တရာယ် ကြောင့်လည်း IDP စခန်းများ ဖွင့် လှစ်ခဲ့ရသည်။

ပြည်နယ်လေးခုရှိ မြို့နယ် ၁၅ ခုတွင် IDP စခန်း ၁၄၀ ကျော်ရှိပြီး လူ ၁၆၀,၀၀၀ ကျော်ရှိ ကြောင်း ဒေါက်တာဝင်းမြတ်အေး က ဆိုသည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA) တို့၏ ခုနစ် နှစ်ကြာ တိုက်ပွဲကြောင့် ကချင် ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး ၎င်းတို့နေ ရပ်ပြန်ရေးဆောင်ရွက်ရာ၌ နှစ် ဖက်ညှိနှိုင်းမှ ဖြစ်နိုင်မည်ဟု မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်း ရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့(PCG) မှ ဦးဆန်းအောင်က ပြောသည်။

‘‘ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် တောင် နဂိုက တပ်စခန်းတွေ မရှိ တဲ့နေရာ တပ်စခန်းတွေ ဖယ်ပေး ရလိမ့်မယ်။ မိုင်းရှင်းပေးရမယ်။ ပြီးရင် အဲဒီမှာ သူတို့ရဲ့ဥယျာဉ် ခြံမြေတွေ၊ လယ်တွေကလည်း အခုတောကြီးမျက်မည်းဖြစ်ကုန် ပြီ။ အဲဒါတွေ စက်ယန္တရားတွေနဲ့ ပြန်လုပ်ပေးရမယ်။ နေအိမ်တွေ မီးလောင်သွားတာတွေ ပြန် ဆောက်ပေးရမယ်။ ပြီးရင် သူတို့ အဆင်သင့်ဖြစ်တဲ့အချိန်ထိ စား ဖို့၊ သောက်ဖို့ ရိက္ခာပေးရမှာပေါ့’’ ဟု ဦးဆန်းအောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြေင့် ကျေးရွာ ၃၀၀  ကျော်မှ ဒေသခံများအစိုးရထိန်း ချုပ်နယ်မြေနှင့် KIA ထိန်းချုပ် နယ်မြေအတွင်း တိမ်းရှောင်ခဲ့ ရသည်ဟု ၎င်းကဆိုသည်။

IDP စခန်းများ ပိတ်သိမ်းနိုင် ရေး အစိုးရ၏ ပထမဆုံးခြေလှမ်း ကို ကြိုဆိုပြီး နှစ်ပေါင်းများစွာ နေရပ်မပြန်နိုင်ဖြစ်နေသော စစ်ရှောင်များအတွက် မြေယာဖော်ဆောင်ပေးနိုင်ရေးသည် အရေးကြီးကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှ နေ၀န်းနီစစ် ရှောင်စခန်းတာဝန်ခံ ဦးလေး မောင်က ပြောသည်။ နေ၀န်းနီစစ် ရှောင်စခန်းသည် ၂၀၁၁ က စတင်ဖွင့်လှစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

7Day

No comments:

Post a Comment