Tuesday, June 26, 2018

ပင်လယ်ထဲ ရက်များစွာမျောနေသည့် ဒုက္ခသည်သင်္ဘော အီတလီဆိပ်ကမ်းသို့ ဆိုက်ရောက်


ရွှေ့ပြောင်းဒုက္ခသည် ၁၀၀ ကျော်ကို တင်ဆောင်လာတဲ့ သင်္ဘောတစီးဟာ ပင်လယ်ထဲမှာ ရက်ပေါင်းများစွာ မျောနေပြီးနောက် ဇွန် ၂၆ ရက်နေ့က အီတလီနိုင်ငံ ပေါ့ဇာလိုဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။

အီတလီအစိုးရသစ်ဟာ အဆက်မပြတ် ဝင်လာနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် သူ့နိုင်ငံ ဆိပ်ကမ်းတွေမှာ လှေစီးဒုက္ခသည်တွေကို ကယ်ဆယ်တဲ့ အန်ဂျီအို သင်္ဘောတွေ ဆိုက်ကပ်ခွင့်ကို ပိတ်ပင်ထားပါတယ်။

အဲဒီ့နောက် အီတလီရဲ့ ဝန်ထုပ်ဝန်ပိုးကို တခြား အီးယူအဖွဲ့ဝင်နိုင်ငံတွေလည်း ခွဲဝေယူဖို့ ဥရောပခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

နောက်ဆုံးမှာတော့ ပေါ့ဇာလိုမြို့တော်ဝန်က အခုဆိုက်ကပ်လာတဲ့ ဒုက္ခသည်တွေရဲ့ လှေကို လက်ခံဖို့ အီတလီ ပြည်ထဲရေးဝန်ကြီးထံ တင်ပြပြီးနောက်မှာ ပြည်ထဲရေးဝန်ကြီးက လက်ခံလိုက်တာ ဖြစ်ပါတယ်။

မြေထဲပင်လယ်ကနေ ဥရောပတိုက်ဆီ ဝင်ပေါက်လိုဖြစ်နေတဲ့ အီတလီဟာ ၂၀၁၄ ကနေ အခုချိန်ထိ ၄ နှစ်တာကာလအတွင်း ဆင်းရဲငတ်မွတ်မှုကြောင့် ပြောင်းရွှေ့လာတဲ့ လှေစီးဒုက္ခသည် ၆ သိန်း ၅ သောင်းကို ကယ်ဆယ်ခဲ့ရပြီး ဖြစ်ပါတယ်။

DVB

No comments:

Post a Comment