Tuesday, June 19, 2018

သတင်းသမားများ ဘေးကင်းလုံခြုံရေး သတင်းမီဒီယာကောင်စီမှ အသိပေးရန်စီစဉ်


သတင်းမီဒီယာကောင်စီအနေနှင့် ရန်ကုန်မြို့ရှိ သတင်းမီဒီယာဌာနများမှ သတင်းသမားများကို ဘေးကင်းလုံခြုံရေးအတွက် အသိပေးလှုံ့ဆော်ရန်စီစဉ်နေကြောင်း အဆိုပါကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

လက်ရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများ၊ ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ နေရာများတွင် သတင်းယူနေကြသည့် သတင်းသမားများအပေါ် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရခြင်းကြောင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး လှုပ်ရှားမှု ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လတ်တလောဖြစ်တဲ့ တာမွေဆန္ဒပြမှုမှာဆို သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရောနေတယ်။ အဝတ်အစား ရောထွေးမှုတွေ၊ သတင်းထောက်ကတ်တွေ လည်ပင်းမှာ မဆွဲထားဘူး။ အဲတော့ ဆန္ဒပြသူနဲ့ သတင်းသမား ရောထွေးနေတာမျိုးတွေ ရှိနေတယ်။ ပဋိပက္ခဖြစ်တဲ့နေရာမျိုးမှာ သတင်းသမားတွေအတွက် အန္တရာယ် ကြိုရှောင်နိုင်အောင်လို့ အသိပေးတာမျိုး လုပ်သွားမှာပါ”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များနှင့် နိုင်ငံတကာ မီဒီယာထောက်ပံ့ရေးအဖွဲ့ IMS တို့ ပူးပေါင်းကာ သတင်း သမားများ ဘေးကင်းလုံခြုံရေး Safty နှင့်ပတ်သက်၍ ဩဂုတ်လတွင် ရန်ကုန်မြို့ရှိ သတင်းစာတိုက်ပေါင်း ၅၀ နှင့် ၇၀ ခန့်ကို သွားရောက်ကာ အသိပေး လှုပ်ရှားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖျော်ဖြေရေး၊ အနုပညာကဏ္ဍ၊ အားကစားနှင့် ပတ်သက်သည့် မီဒီယာများအနေနှင့် အန္တရာယ်နှင့် ရင်ဆိုင်နိုင်မည့် အခြေအနေ မရှိသောကြောင့် သတင်းသမားများ ဘေးကင်းလုံခြုံရေးသင်တန်း ပေးမည်မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

The Voice

No comments:

Post a Comment