ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ချီးမြှင့်တဲ့ “လူငယ်ခေါင်းဆောင်မှု ထူးချွန်ဆု” ပေးပွဲကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး တော်ဝင်မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မီဂန် မာကယ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ဘက်ကင်ဟမ်နန်းတော်မှာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ စွန့်လွှတ်ကြိုးပမ်းခဲ့သူတွေအပေါ် ဆုပေးအပ်ခဲ့တာပါ။
အဲဒီအခမ်းအနားမှာ တော်ဝင်မင်းသား ဟယ်ရီက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သူက ဆုရရှိသူတွေကို ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေရဲ့ အနာဂတ်ခေါင်းဆောင်တွေလို့ ချီးကျူးခေါ်ဝေါ်သွားပါတယ်။
ဒီအခမ်းအနားကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာနဲ့ နာမည်ကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
DVB

No comments:
Post a Comment