နေပြည်တော်ရှိ လွှတ်တော်သုံးရပ်ကို ဇူလိုင် ၂၃ ရက်တွင် ပြန်လည်စတင်ခေါ်ယူကျင်း ပမည်ဟု ပြည်ထောင်စုလွှတ် တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က ယမန်နေ့၌ ထုတ်ပြန်ကြေညာသည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၏ နဝမပုံမှန် အစည်းအဝေးကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပ မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ် တော် နဝမပုံမှန်အစည်းအဝေးကို ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပမည်ဟု ထုတ်ပြန်ချက်များ ၌ ဖော်ပြသည်။
နဝမပုံမှန်အစည်းအဝေး ကာလအတွင်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ထက်ဝက် ကျိုးပြီဖြစ်၍ ပြည်ထောင်စုလွှတ် တော်နာယက တာဝန်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းအစား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောင်း လဲ တာဝန်ထမ်းဆောင်မည်ဖြစ် သည်။
ထို့အတွက် ဩဂုတ်က စတင်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်နာယကအဖြစ်လည်း ကောင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ ဘဏ္ဍာ ရေးနှစ် ပြောင်းလဲသတ်မှတ်မှုအရ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အ တွက် နိုင်ငံတော်၏ အမျိုးသားစီမံ ကိန်း နှစ်စဉ် အရ၊ အသုံး ခန့်မှန်း ချေးငွေစာရင်းနှင့် အခွန်ကောက် ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေး နွေးအတည်ပြုပေးနိုင်ရေး အပါအဝင် အခြားလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နာယက မန်းဝင်းခိုင်သန်းက ပြီးခဲ့သည့် အဋ္ဌမပုံမှန်အစည်းအဝေး နောက် ဆုံးနေ့၌ ပြောကြားသည်။
ပြည်သူ့လွှတ်တော်၌ အဋ္ဌမ ပုံမှန်အစည်းအဝေးမှ ဆွေးနွေးရန် ကျန်ရှိသည့် အဆိုလေးခုကို ယခု အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အ တူ ပြီးခဲ့သည့် အစည်းအဝေးတွင် ဥပဒေကြမ်း ၃၇ ခုအနက် ၁၄ ခု သာ အတည်ပြုနိုင်ပြီး ၂၃ ခုကို ယခုကျင်းပမည့် ပုံမှန်အစည်းအ ဝေး၌ ဆက်လက်ဆောင်ရွက်ရန် ရှိနေသည်။
‘‘အဓိကကတော့ ဘတ်ဂျက် ဆွေးနွေးမှာပေါ့။ နောက်ပြီး အ ရေးကြီးတာက ပြည်ထောင်စု လွှတ်တော်နာယက အပြောင်းအ လဲက ဒီတစ်ကြိမ် ပုံမှန်အစည်းအ ဝေးကာလမှာလုပ်မယ်။ တခြား လွှတ်တော်လုပ်ငန်းတွေလည်း ပုံမှန်အတိုင်း ဆက်ရှိမှာပေါ့’’ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ထို့အပြင် ပြည်သူ့လွှတ် တော်၌ ငြိမ်းစုစီဥပဒေကြမ်းပြင် ဆင်ချက်ကို ဆွေးနွေးရန် တပ် မတော်သားကိုယ်စားလှယ် ၆၀ ဦး အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၈၀ ဦးက သတ္တမပုံမှန်အ စည်းအဝေးတွင် စာရင်းပေးထား သော်လည်း ပြီးခဲ့သည့် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ယင်းဥပဒေ ကြမ်းကို ဆွေးနွေးခဲ့ခြင်းမရှိသဖြင့် ယခုအစည်းအဝေး၌ ဆွေးနွေး ဖွယ်ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ် သည်။
7Day

No comments:
Post a Comment