ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီးရှိ ဧရာရတနာကုမ္ပဏီ လုပ်ကွက်ဟောင်းအနီး၌ ဇူလိုင်လ ၂၄ ရက်နေ့နံနက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၀ နီးပါး ပျောက်ဆုံးခဲ့ပြီး ယနေ့ (ဇူလိုင်လ ၂၆ ရက်) နံနက်က အလောင်းခြောက်လောင်း ပေါ်ထွက်လာကြောင်း ကူညီရှာဖွေရေးဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါအလောင်းများထဲမှ ငါးဦးမှာပိုင်ရှင်ပေါ်လာပြီး ကျန်တစ်ဦးကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ရှာဖွေရေးလုပ်ငန်းကိုဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ၎င်းတို့ထံမှသိရသည်။
ဓာတ်ပုံ- ရွှေသိန်း
The Voice



No comments:
Post a Comment