ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာသည် မကြာမီကျင်းပမည့် ၂၁ ရာစုပင်လုံအစည်းအဝေးတက်ရန် နေပြည်တော်သို့လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးမြင့်သူကပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက်လေ့ လာရန်သာဖြစ်၍ မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်မည်မဟုတ်ကြောင်း ဦးမြင့်သူက 7Day Daily သတင်းစာ၏မေးမြန်း မှုကိုဖြေကြားသည်။
‘‘၂၁ ပင်လုံတော့လာပါ့ မယ်။ ဖိတ်လည်း ဖိတ်ထားပြီး ဖြစ်ပါတယ်’’ ဟု အမြဲတမ်းအ တွင်းဝန်က ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၁ ရာစုပင်လုံအစည်းအ ဝေးတက်ရောက်ရန် တရုတ်၊ ဂျပန်နိုင်ငံတို့မှ အထူးကိုယ်စား လှယ်များအပြင် ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ သံအမတ် ကြီးများ၊ ကုလသမဂ္ဂအေဂျင်စီ များမှ ကိုယ်စားလှယ်များ၊ အီးယူ ကိုယ်စားလှယ်များအားဖိတ်ကြား ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အထူးကိုယ်စားလှယ်သည် ဇွန်လ ၁၂ မှ ၂၁ ရက်အထိမြန်မာ နိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ ပြီး ယင်းခရီးစဉ်အတွင်း နေပြည် တော်၊ ရန်ကုန်နှင့်ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်လေ့ လာခဲ့သည်။
ယင်းခရီးစဉ်အတွင်းပြည် တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ ဆွေးနွေးပွဲများတွင်ပါဝင် ပြီးပါဝင်ပတ်သက်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေး ကူညီပေးရန် အသင့်ရှိသည်ဟု ပြောကြားကြောင်း အထူးကိုယ် စားလှယ်က သတင်းထုတ်ပြန် သည်။
မစ္စစ်ခရစ္စတင်းရှယန်နာဘာ ဂီနာက မြန်မာအစိုးရအနေဖြင့် အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် ၎င်းကိုပါဝင်ခွင့်ပေး ရန်လိုလိုလားလားရှိမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ယင်း ခရီးစဉ်အပြီးတွင်မြန် မာအစိုးရက ကုလအထူးကိုယ် စားလှယ်၏ အထောက်အကူပြု ရုံးခန်းကို နေပြည်တော်၌ ဖွင့်လှစ် ခဲ့သည်။
ဇူလိုင် ၁၁ ရက်မှ ၁၆ ရက် အထိနေပြည်တော်၌ ကျင်းပမည့် ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးသို့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၊ NCA မထိုးရသေးသည့် တိုင်း ရင်းသားအဖွဲ့ရှစ်ဖွဲ့စုစုပေါင်း ၁၈ ဖွဲ့တက်ရောက်မည်ဖြစ်သည်။
7Day
No comments:
Post a Comment