ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်မြို့၊ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးထဲ ပိတ်မိပြီး ကျန်ရှိနေတဲ့ မူပါ (တောဝက်) အကယ်ဒမီဘောလုံးအသင်းဝင် ၉ ဦးအနက် နောက်ထပ် လူငယ် ၄ ဦးကို ဇူလိုင် ၉ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။
တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ဇွန်လ ၂၃ ရက်ကတည်းက ပိတ်မိနေခဲ့တာဖြစ်ပြီး ဇူလိုင် ၈ ရက်ညမှာ လူငယ် ၄ ဦးကို ကယ်ထုတ်ထားပြီးဖြစ်လို့ အခုဆိုရင် ပျောက်ဆုံးလူငယ် ဘောလုံးသမား ၁၃ ဦးထဲက ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ ၅ ဦးကို ဆက်လက် ကယ်ထုတ်နိုင်ရေး ကြိုးပမ်းနေတာပါ။
ကယ်ထုတ်ပြီးတဲ့ လူငယ် ဘောလုံးသမားတွေကို အနီးရှိ ဆေးရုံတွေဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါတယ်။
ဆေးရုံရောက်ရှိသွားတဲ့ လူငယ်တွေ ကျန်းမာရေး ကောင်းမွန်ပေမယ့် ဆာလောင်နေကြကြောင်း သိရပါတယ်။
ဒါ့အပြင် ရောဂါနဲ့ ပိုးမွှားကူးစက်မှု မရှိစေရေးအတွက် သူတို့တွေကို မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့် မပြုသေးဘူးလို့လည်း ဗွီအိုအေသတင်းအရ သိရပါတယ်။
DVB

No comments:
Post a Comment