Wednesday, July 25, 2018

ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဦးကျော်ကျော်မောင်ကို ပြန်လည်ခန့်အပ်ရန် သမ္မတအဆိုပြု


သက်တမ်းကုန်ဆုံးသွားပြီးလစ်လပ်လာတော့မယ့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာ အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကိုပဲ ခန့်အပ်လိုတယ်လို့ သမ္မတဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။

ဇူလိုင် ၂၇ ရက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက မန်းဝင်းခိုင်သန်းက သမ္မတရဲ့ အကြောင်းကြားစာကို ဖတ်ကြားခဲ့ပြီး ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိရင် ခိုင်လုံတဲ့ အထောက်အထားနဲ့ ကန့်ကွက်နိုင်ကြောင်းလည်း နာယကက လွှတ်တော်ကို ပြောခဲ့ပါတယ်။

အသက် ၈၀ လောက်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်မောင်ဟာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၃ ခုနှစ်ကတည်းက ဗဟိုဘဏ် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လာသူဖြစ်ပြီး အခုလကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးစနစ်တိုးတက်ကောင်းမွန်လာဖို့နဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကို ၂၀၁၃ ခုနှစ်ကတည်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗဟိုဘဏ်ဟာ အခုအချိန်အထိ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးဘူးလို့ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူအသိုင်းအဝိုင်းက မှတ်ချက်ပေးထားပါတယ်။

DVB

No comments:

Post a Comment