ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေဖြစ်ကြတဲ့ ပါပူဝါနယူးဂီနီနဲ့ ဆော်လမွန်ကျွန်းတွေမှာ ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လိုင်း တည်ဆောက်ဖို့အတွက် သြစတြေးလျကုမ္ပဏီက တရုတ်အင်တာနက်ကုမ္ပဏီ ဟွာဝေးကိုကျော်ပြီး သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
သြစတြေးလျရဲ့ အိမ်နောက်ဖေးအဖြစ် ရှုမြင်ထားတဲ့ အဲဒီနိုင်ငံတွေမှာ တရုတ်က လွှမ်းမိုးဖို့ ဖိအားပေး ကြိုးပမ်းနေချိန် သြစတြေးလျနဲ့ အခုလို လက်မှတ်ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုသဘောတူညီချက်ဟာ သြစတြေးလျရဲ့ ပြည်တွင်းရေးကို တရုတ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးက မနှစ်က စွပ်စွဲပြောကြားခဲ့ပြီး သြစတြေးလျ-တရုတ် ဆက်ဆံရေး အဖုအထစ် ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။
အခုတည်ဆောက်မယ့် ပင်လယ်ရေအောက် အင်တာနက်လိုင်း စီမံကိန်းအတွက် သြစတြေးလျ အစိုးရက ကုန်ကျငွေစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ငွေကြေးထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
ဟွာဝေးကုမ္ပဏီနဲ့ တရုတ်အစိုးရတို့ရဲ့ ဆက်စပ်မှုနဲ့ ဟွာဝေးကုမ္ပဏီက တည်ဆောက်တဲ့ ပစ္စည်းတွေကို တခြားနိုင်ငံတွေအပေါ် စုံစမ်းထောက်လှမ်းနိုင်ဖွယ်ရှိမှု စတဲ့ အချက်တွေကို အနောက်နိုင်ငံက ထောက်လှမ်းရေး အေဂျင်စီတွေက စိုးရိမ်နေခဲ့ကြတယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
DVB

No comments:
Post a Comment