Friday, July 20, 2018

ဘင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည် ၁၂ ဦးကို လွှဲပြောင်းပေးရန်အဆင်သင့်ရှိဟု ဒုဝန်ကြီးပြော

ရသေ့တောင်မြို့နယ်တွင်တွေ့ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ၁၂ ဦးကို မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီး ယင်းနိုင်ငံမှခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

“တို့ဘက်ကတော့ အသင့်ပဲလေ၊ သူတို့ နိုင်ငံသားတွေကို စိစစ်တာတို့ ဘာတို့နဲ့ ဘယ်အချိန်လာခေါ်မလဲတော့ မသိဘူး။ သူတို့တိုင်းပြည်က လာမခေါ်ရင် ကျွန်တော်တို့လည်း လွှတ်ပေးလို့မှမရတာ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ၁၂ ဦးကို ဇူလိုင်လဆန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်က လာရောက်တွေ့ဆုံခဲ့ပြီး လက်ရှိအချိန်အထိ မောင်တောမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မောင်တောခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲထူးထံမှ သိရသည်။

ဇွန်လ ၁၁ ရက်က ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝအနီး ပင်လယ်ကမ်းခြေသို့ စက်လှေပျက်စီးကာ ရောက်ရှိလာသော လှေစီးဒုက္ခသည် ၁၀၄ ဦးကို စိစစ်ရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦး ပါဝင်ပြီး ကျန်ဘင်္ဂါလီများမှာ မောင်တောခရိုင်တွင် နေထိုင်ခဲ့ဖူးသူများဖြစ်သဖြင့် ယခင်နေထိုင်ရာသို့ ဇွန်လ ၁၅ ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှသိရသည်။ 

အဆိုပါ လှေစီးဒုက္ခသည်များကို တာဝန်ရှိသူများက မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ စစ်ဆေးရာ ၉၂ ဦးက မြန်မာနိုင်ငံသို့ပြန်လာရန်အတွက် လှေဖြင့်လိုက်ပါခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးကတော့ မလေးရှားသွားရန် လိုက်ပါလာသည်ဟု ထွက်ဆိုခဲ့သည်။

The Voice





No comments:

Post a Comment