Monday, July 23, 2018

ငွေစက္ကူများ ဖျက်သိမ်းမည်ဟု သတင်းဖြန့်သူကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ချုပ်ပြော

ငွေစက္ကူများဖျက်သိမ်းမည်ဟု နိုင်ငံတော်သမ္မတရုံးအမိန့်အတုပြုလုပ် ၍ ဖေ့စ်ဘွတ်ခ်တွင် သတင်းဖြန့်သူကို ဥပဒေနှင့်အညီအရေးယူရန် ဆောင် ရွက်နေကြောင်း သမ္မတရုံးညွှန်ကြားရေး မှူးချုပ်ဦးဇော်ဌေးက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားဖော်ပြသည်။
ဇူလိုင် ၂၂ ရက်စွဲဖြင့် နိုင်ငံ တော်သမ္မတရုံး အမိန့်စာအမှတ် (၂၅/၂၀၁၈) ဆိုသည့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဘဏ်ငွေ စက္ကူများ တရားမဝင် ကြေညာ ခြင်းဟူသောစာကို မဏ္ဍဆိုသော ဖေ့စ်ဘွတ်ခ်အကောင့်က သတင်း စတင်ဖြန့်ချိသည်။ နိုင်ငံတော် သမ္မတရုံးအနေဖြင့် ၎င်းအမိန့်ကို ထုတ်ပြန်ခြင်း မရှိသကဲ့သို့ ငွေ စက္ကူနှင့်ပတ်သက်၍ မည်သည့် အမိန့်မှ ထုတ်ပြန်ထားခြင်း မရှိပါ ကြောင်း အသိပေးအပ်ပါသည်ဟု ဦးဇော်ဌေးက ၎င်း၏ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် ယမန်နေ့ညတွင် ရှင်း လင်းထားသည်။
‘‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ဗဟိုဘဏ်ငွေစက္ကူများ ရုပ်သိမ်းရေးဥပဒေ ပုဒ်မ ၆ (က၊ခ၊ဂ) ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ငွေစက္ကူများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် သုံးစွဲခွင့် မပြုကြောင်း ၂၀၁၈ သြဂုတ် ၁ ရက်တွင် ကြေညာပေးရမည်။ တရားမဝင်ကြောင်း ကြေညာရမည့် ငွေစက္ကူများမှာ ၅၀၀ ကျပ်တန်၊ ၁,၀၀၀ ကျပ်တန် ၅,၀၀၀ ကျပ်တန်၊ ၁၀,၀၀၀ ကျပ် တန် ငွေစက္ကူများဖြစ်သည်’’ ဟု သမ္မတဦးဝင်းမြင့် လက်မှတ်ဖြင့် အမိန့်စာအတုကို ဇူလိုင် ၂၃ ရက် တွင် ဖြန့်ဝေခြင်းဖြစ်သည်။
ထို့အပြင် ၁၀,၀၀၀ ကျပ် တန် အပါအဝင် ငွေစက္ကူများ ဖျက်သိမ်းမည်ဟူသော သတင်း များ လုံးဝ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ငွေကြေး စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်ကျော်သန်းကပြော သည်။ ‘‘ငွေစက္ကူတွေ ပြန်သိမ်းမယ် ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာရော၊ ဗဟိုဘဏ်ဥပဒေ၊ နည်းဥပဒေမှာ ရော ငွေစက္ကူ ပြန်မသိမ်းဘူးဆို တာ ထည့်သွင်းဖော်ပြထားပါ တယ်။ ဒါလုံးဝမဟုတ်ပါဘူး’’ ဟု ဦးအောင်ကျော်သန်းက အတိအ လင်းပြောကြားသည်။
ထို့အပြင် ငွေစက္ကူများ ဖျက်သိမ်းမည်ဆိုသည့် သတင်းက သ တင်းအတုဖြစ်ပြီး အများပြည်သူ စိုးရိမ်စရာမလိုကြောင်း ၎င်းကပြောသည်။

7Day




No comments:

Post a Comment