Wednesday, July 11, 2018

အာဇာနည်နေ့တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရေးနှင့် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ကာ ဟွန်းတီးစေရေး ညွှန်ကြားထား

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာန အားလုံး သို့ ညွှန်ကြားထားကြောင်း သိရသည်။ The Ladies News

No comments:

Post a Comment