မြန်မာနိုင်ငံတွင် ချင်းပြည်နယ်မှလွဲပြီး တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များနေကြောင်း ဆေးတက္ကသိုလ် (၂) မှ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး ဒေါက်တာသိန်းညွန့်က ပြောကြားသည်။
One Doctor Company Limited မှ ကြီးမှူးကျင်းပသော တတိယအကြိမ် လူငယ်ကျန်းမာရေး ပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၂ ရက် ရန်ကုန် ယုဝတီ ခရစ်ယာန်အသင်း ခန်းမ၌ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး ဒေါက်တာသိန်းညွန့်နှင့် မော်ဒယ် သရုပ်ဆောင် ဒေါက်တာအေးချမ်းမိုး တို့ပြုလုပ်သော ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရင်တုန်းက ကလေးတွေမှာ အဖြစ်များတယ်။ အခုကတော့ လူကြီးတွေပါ ဖြစ်နေတယ်။ အရင်တုန်းက သွေးလွန်တုပ်ကွေးရောဂါဟာ တောရွာတွေမှာ ဖြစ်ပေမယ့် အခုတော့ မြို့ကြီးပြကြီးတွေပါ ဖြစ်နေပြီ။ သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ထက် တစ်နှစ် မတူဘဲ မိုးရာသီချိန် ရောက်လာတိုင်းမှာ ပိုပြီးပျံ့နှံ့မြန်တယ်၊ အဖြစ်မြန်တယ်။ ဒီရာသီမှာ ကလေးတွေ ဖျားနာရင် သွေးဖောက်စစ်ပြီး သတိထားကြဖို့လိုမယ်။ မြန်မာပြည်မှာဆိုရင် ချင်းပြည်နယ်ကလွဲလို့ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများနေတယ်” ဟု ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး ဒေါက်တာ သိန်းညွန့်က ပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက် ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခြင်း၊ ကာကွယ်ဆေးများကို ဆေးရုံဆေးပေးခန်းများတွင် အခမဲ့ထိုးပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment