တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာဗြိတိန် နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည့် H. E. Mr. Deniel Patrick Chugg အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Nigel Goodwi နှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့သည်။
Senior General Min Aung Hlaing

No comments:
Post a Comment