အွန်လိုင်းကနေ ကုမ္ပဏီတွေ မှတ်ပုံတင်ရမယ့် စနစ်သစ်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သြဂုတ် ၁ ရက်က စတင်လိုက်ချိန်မှာ ဝက်ဘ်ဆိုက်ကို ဝင်ရောက်သူ အလွန်များပြားတာကြောင့် နည်းပညာပြဿနာ ဖြစ်ပေါ်နေပါတယ်။
အွန်လိုင်းကနေ ကုမ္ပဏီမှတ်ပုံတင်ဖို့ www.myco.dica.gov.mm ဝက်ဘ်ဆိုက်ကို လူဦးရေ သောင်းနဲ့ချီပြီး ဝင်ရောက်မှတ်ပုံတင်ကြတာကြောင့် ဝက်ဘ်ဆိုက်စနစ် ချို့ယွင်းသွားပါတယ်။
ဒီကနေ့မှာ အွန်လိုင်းကနေ ကုမ္ပဏီမှတ်ပုံတင်လိုသူတွေအနေနဲ့ ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ရာမှာ အမြန်နှုန်းကျဆင်းသွားနဲ့ ဝက်ဘ်ဆိုက် ဖွင့်မရဘဲ ကျနေတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။
အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ပညာရှင်တွေနဲ့ ဌာနဝန်ထမ်းတွေ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေပြီး နာရီအနည်းငယ်ကြာရင် အဆင်ပြေသွားမယ်၊ အသုံးပြုသူတွေ အဆင်မပြေခဲ့ရတဲ့အတွက် တောင်းပန်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
DVB

No comments:
Post a Comment