ထိုင်းအစိုးရက ချင်းရိုင်ခရိုင်မှာ မကြာခင်က ကျောင်းသားလူငယ်တွေ ပိတ်မိနေခဲ့တဲ့ မြေအောက်ဂူကို အမှတ်တရ သဘာဝပြတိုက်တစ်ခုအဖြစ် စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။
အဲဒီ ထမ်းလွမ်ဂူမှာ ပြတိုက်စတင် တည်ဆောက်တဲ့ မနေ့က အခမ်းအနားကို သံဃာတွေကြရောက်ပြီး ဘေးအန္တရာယ်တွေ ကင်းဝေးအောင် ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီး နတ်ကောင်းနတ်မြတ်တွေကို စောင့်ရှောက်ပေးဖို့ ဆုတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
တည်ဆောက်ရေးလုပ်ငန်းတွေကို ကန် ဒေါ်လာ ၁ဝ သန်းသုံးစွဲပြီး ငါးလအတွင်း ပြီးစီးဖို့ ခန့်မှန်းထားကြောင်းနဲ့ ကလေးတွေကိုကယ်တင်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့ပြခန်းတွေ ပန်းပုရုပ်တွေလည်း ပါဝင်ပြသထားမယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၃ ရက်နေ့က ဂူအတွင်းဝင်ရောက်ပြီး ပိတ်မိနေခဲ့တဲ့ အဲဒီ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြဆရာကို ၂ ပတ်ကျော်အကြာမှာ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့တဲ့ အဲဒီ မြေအောက်ဂူကို ကမ္ဘာလည့် ခရီးသည်တွေ အမြောက်အများ လာရောက်ကြည့်ရှုကြမှာဖြစ်လို့ တိုင်းပြည်အတွက် များစွာအကျိုးရှိပါလိမ့်မယ်လို့ ပြတိုက်တည်ဆောက်ရေး ကုန်ကျငွေကို လှူဒါန်းတဲ့ ထိုင်းအနုပညာရှင် Chalermchai Kositpipat ချလမ်ချိုင်း ကော့စစ်ပိုင်ပက် က ပြောပါတယ်။
Photo: Reuters
RFA

No comments:
Post a Comment