ထိုင်ဝမ် အမျိုးသမီး သမ္မတ ဆိုင်းအင်းဝမ် အမေရိကန်ပြည်ထောင်စုကို ခေတ္တ၀င်ရောက်ခဲ့တဲ့အပေါ် တရုတ်အစိုးရ က ကန့်ကွက်လိုက်ပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်က သူပိုင်နယ်မြေတစ်ခုအဖြစ် သဘောထားနေတာပါ။
ထိုင်ဝမ် သမ္မတ ဆိုင်းအင်းဝမ် ဟာ ပါရာဂွေး နဲ့ ဘီလစ်ဇ် နိုင်ငံတွေကအပြန် အမေရိကန် ဟူစတန်မြို့ က အမျိုးသား လေကြောင်းနဲ့ အာကာသ စီမံခန့်ခွဲရေးဌာနကို ၀င်ရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။
ဒါ့ပြင် ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ သမ္မတ ရော်နယ်ရေဂင် အထိမ်းအမှတ် စာကြည့်တိုက်မှာ မိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။
ဒီအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ထိုင်ဝမ် နဲ့ ပတ်သက်တဲ့ အခုလို ကိစ္စမျိုးတွေကို လက်မခံနိုင်ကြောင်း တနင်္လာနေ့က ကန့်ကွက်ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ် ကို အသိအမှတ်ပြုပြီး၊ သံတမန် ဆက်ဆံရေးရှိတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံသာ ရှိပါတယ်။
(ထိုင်ဝမ် အမျိုးသမီး သမ္မတ ဆိုင်းအင်းဝမ် ကို တွေ့ရစဉ်)
Photo: REUTERS
RFA

No comments:
Post a Comment