မူးယစ်ဆေးဝါးတားဆီး တိုက်ဖျက်ရေး အစိုးရက အရှိန်မြှင့်ဆောင်ရွက်နေစဉ် မူးယစ်ဆေးမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် တစ်ပတ်အတွင်း လူ ၅၀၀ ကျော်နှင့် စိတ်ကြွဆေးပြား ၅၄ သန်းခန့် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
သြဂုတ် ၁၂ မှ ၁၈ ရက်အတွင်း မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ တိုင်ကြားခဲ့သည့် မူးယစ်ဆေးဝါးမှုများနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကသီး ခြားဖမ်းမိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ စာရင်းကို သြဂုတ်၂၀ ရက်တွင် ထုတ်ပြန်ရာစိတ်ကြွ ဆေးပြား ၅,၃၈၉,၂၄၂ ပြား ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးအထူး သတင်းတိုင် ကြားရေးဌာနသို့ တိုင်ကြားခဲ့သည့်အမှုများအနက် ၁၃ မှုကို စိစစ်ဖမ်းဆီးခဲ့ပြီး ၂၃၆ ဦးကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကသီး ခြားရရှိသော မူးယစ်ဆေးဝါး သတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ဂိတ်များတွင် ပိတ်ဆို့ရှာဖွေခြင်း၊ သတင်းအရ ယာဉ်များကို ရှာဖွေစစ်ဆေးခြင်းတို့ လုပ်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း စိတ်ကြွဆေးပြား ၅၄ သန်းခန့်၊ ဘိန်းဖြူ ၁၃,၀၀၀ ဂရမ်ခန့်၊ ဘိန်းစိမ်း ၇,၀၀၀ ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲရာတွင် အသုံးပြုသော အခြားဆက်စပ် ပစ္စည်းများပါ သိမ်းဆည်းနိုင်ခဲ့ သည်ဟု သတင်းထုတ်ပြန်ထား သည်။ အမျိုးသား ၄၂၈ ဦး၊ အမျိုးသမီး ၈၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖမ်းမိစိတ်ကြွဆေးပြား အများစုသည် ရခိုင်နှင့် ရှမ်းပြည်နယ်မှဖြစ်သည်။ ထုတ်ပြန်ချက်တွင် ပါဝင်သည့် ထူးခြားသည့် ဖြစ်ရပ်နှစ်ခုမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာမည့်ခရီးသည် လေးဦးထံမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော် ဖမ်းမိခြင်းနှင့် နေပြည်တော်မှ ဖမ်းဆီးမှုတစ်ခုတွင် ဂက်စ်သေနတ်တစ်လက်ပါ ဖမ်း မိခဲ့သည်။
မူးယစ်ဆေးဝါးရောင်းချနေ သူများကို ပြည်သူလူထုအနေဖြင့် သတင်းပေးတိုင်ကြားလိုပါက နိုင်ငံတော်သမ္မတရုံးဖုန်း ၀၆၇ ၅၉၀ ၂၀၀ ၊ ဖက်စ် ၀၆၇၅၉၀၂၃၃ နှင့် အီးမေးလ်လိပ်စာ antin -arcotics@president office.gov.mm သို့ သတင်းပေးပို့ တိုင်ကြားနိုင်သည်။ မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာန ဖွဲ့စည်းထားကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဇွန်လ၂၆ ရက်တွင် ပြောကြားပြီး ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာတိုင်ကြားနိုင်သည်ဟု ဆိုသည်။
အနားယူခဲ့သည့် သမ္မတဟောင်း ဦးထင်ကျော်ထံမှ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ကို လွှဲပြောင်းယူခဲ့သော သမ္မတဦးဝင်းမြင့်လက်ထက်တွင် မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်နေသည်။
7Day
No comments:
Post a Comment