စစ်အေးခေတ်ကာလအလွန် အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှုတွေကို လာမယ့်လမှာ ရုရှားတို့ ကျင်းပသွားဖို့ ရှိနေပြီး ယင်းရဲ့ စစ်ရေးအင်အားကို ထုတ်ပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အဆိုပါ အကြီးစား စစ်ရေးလေ့ကျင့်မှုမှာတော့ စစ်သည်တပ်သား ၃၀၀,၀၀၀ နီးပါး နဲ့အတူ လေယာဉ်အစင်းပေါင်း ၁,၀၀၀ တို့နဲ့ ပါဝင်လေ့ကျင့်သွားမှာ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။
Vostok-2018 (East 18) လို့ ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုတော့ လာမယ့် စက်တင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ နိုင်ငံ အရှေ့ခြမ်းမှာ လေ့ကျင့်သွားမှာ ဖြစ်ပြီး တရုတ်နဲ့ မွန်ဂိုလီးယားတို့က တပ်ဖွဲ့ဝင်တွေနဲ့ အတူပူးပေါင်းပါဝင်မယ်လို့ ရုရှားတို့က ပြောပါတယ်။
ယခု တစ်ကြိမ် ပြုလုပ်မယ့် လေ့ကျင့်မှုတွေကတော့ လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ် စက်တင်ဘာလတုန်းက လုပ်ခဲ့တဲ့ Zapad-81 လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ အရွယ်အစား အတူတူ ဖြစ်မှာ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုင်ဂူက ပြောသွားပါတယ်။
ပြီးခဲ့တဲ့ကာလအတွင်း အမေရိကန် ဆန်ရှင်ချမှတ်မှု ကိစ္စအပြင် ဗြိတိန်မှာ အာရုံကြော ဓာတုအဆိပ် တိုက်ခိုက်မှု ကိစ္စတို့လို ကိစ္စတွေနဲ့ လုံးပန်းနေရချိန် ယခုလို အကြီးစား စစ်ရေးလေ့ကျင့်မှုကို ရုရှားတို့လုပ်ဆောင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment