လီကွမ်ယုပြည်သူ့ရေး ရာမူဝါဒကျောင်း၏ ပညာသင်ဆု ရွေးချယ်ရာတွင် မြန်မာအစိုးရ၀န် ထမ်းအရေအတွက် များများပါ စေရန် စင်ကာပူဝါရင့်ဝန်ကြီး ဂိုချောက်တောင်က ရွေးချယ်ရေးအဖွဲ့ကို လမ်းညွှန်ထားကြောင်း အဆိုပါကျောင်း၌ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ် (MPA)မဟာတန်းတက်ရောက်သူမြန်မာကျောင်းသားတစ်ဦးက ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်းသို့ သွားရောက်ရာ ယင်းကျောင်း အုပ်ချုပ်မှုဘုတ်အဖွဲ့ဥက္ကဋ္ဌ ၀ါရင့်ဝန်ကြီး ဂိုချောက်တောင်က လက်ဖက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
ထို့အပြင် လီကွမ်ယုပြည်သူ့ ရေးရာမူဝါဒကျောင်းမှ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများကို မြန်မာနိုင်ငံသို့ လာရောက်ဖွင့် လှစ်ပို့ချရန် ဒေါ်အောင်ဆန်းစု ကြည်က စင်ကာပူဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း အထက်ပါ မြန်မာကျောင်းသားက ပြောသည်။
လီကွမ်ယုပြည်သူ့ရေးရာမူ ၀ါဒကျောင်းသို့ အစိုးရ၀န်ထမ်း များစေလွှတ်ပညာသင်ကြားနိုင် ရေး မြန်မာအစိုးရကစိတ်ဝင်စား ကြောင်း The Straits Times သတင်းဌာနက သြဂုတ် ၁၈ရက် ၌ဖော်ပြပြီး လက်ရှိတွင် မြန်မာ အစိုးရ၀န်ထမ်းနှစ်ဦးနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်း(NGO) မှ နှစ်ဦးစုစုပေါင်း မြန်မာကျောင်း သားလေးဦး တက်ရောက်ပညာ သင်ယူနေသည်။
ဒေါ်အောင်ဆန်းစုကြည် သည် လီကွမ်ယုပြည်သူ့ရေးရာ မူဝါဒကျောင်းတွင် မြန်မာ ကျောင်းသားများနှင့်တွေ့ဆုံနှုတ် ဆက်ပြီးကျောင်း၌ တစ်နာရီခွဲ ခန့်လေ့လာကာ ၀ါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့် မိနစ် ၅၀ ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အထက်ပါ မြန်မာကျောင်းသားက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယနေ့ (သြဂုတ် ၂၁) ရက်တွင် သမ္မတအိမ်တော် အစ္စ တာနာ၌ စင်ကာပူသမ္မတဟာလီ မာယာကော့ဘ်ကိုသွားရောက် တွေ့ဆုံမည်ဖြစ်ကာ ယင်းနေ့ မွန်းလွဲပိုင်းတွင် ၀န်ကြီးချုပ်လီ ရှန်လွန်းက ဒေါ်အောင်ဆန်းစု ကြည်အား နေ့လယ်စာဖြင့် တည် ခင်းဧည့်ခံမည်ဟုဆိုသည်။
ထို့နောက် Grand Hyatt ဟိုတယ်၌ ပြုလုပ်မည့် (၄၃)ကြိမ်မြောက် Singapore Lecture တွင်နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ‘မြန်မာ့ဒီမိုကရေစီအကူးအပြောင်း၏ စိန်ခေါ်မှုများနှင့် ရှေ့ခရီး’ ခေါင်းစဉ်ဖြင့် မိန့်ခွန်း တစ်ရပ်ဟောပြောရန်စီစဉ်ထားသည်။
အဆိုပါ မိန့်ခွန်းကို CNA သတင်းဌာနက တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဟု ထုတ်ပြန်ထားသည်။
7Day

No comments:
Post a Comment