Thursday, August 2, 2018

ကလေးဝတွင် ကျောက်မီးသွေးတွင်းပြိုကျ၍ တရုတ်နိုင်ငံသား ၂ ဦးပါ လူ ၁ဝ ဦး ပိတ်မိနေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှာ ကျောက်မီးသွေးတွင်း ပြိုကျပြီး တရုတ်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၁ဝ ဦး ကျင်းအတွင်း ပိတ်မိနေတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂ ရက်ညက ကလေးဝမြို့နယ်၊ သစ်​​ချောက်​​ကျေးရွာအနီး တည်ရှိတဲ့ ရွှေ​ပေါက်​​ပေါက်​ ကုမ္ပဏီလုပ်ကွက် ကျောက်မီးသွေးတွင်း ပြိုကျပြီး  တရုတ်​နိုင်​ငံသား ၂ ဦးနဲ့ မြန်​မာနိုင်​ငံသား ၈ ဦး ကျင်းအတွင်း ပိတ်​မိ​နေတယ်လို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြထားပါ တယ်။

ကျောက်မီးသွေးတွင်း ပြိုကျမှုကို ဒီနေ့မနက်ကမှ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးထံ ကုမ္ပဏီက အကြောင်းကြားသတင်းပို့ခဲ့ပါတယ်။ သတင်းရရချင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကလေးခရိုင်ထွေအုပ်ရုံးနဲ့ ကလေးဝမြို့နယ်က ကယ်ဆယ်ရေးတွေ  လူနာတင်ကားတွေနဲ့ ကျောက်မီးသွေးတွင်းကို သွားရောက်နေကြတယ်လို့လည်း တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။

Photo : Sagaing Regional lnformation Page
DVB


0 comments:

Post a Comment