Saturday, September 29, 2018

တရုတ်-နီပေါ ၁ဝ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူမြို့မှာ တရုတ်နီပေါ အထူးတပ်ဖွဲ့ဝင်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆာဂါမာသာ ချစ်ကြည်ရေး ၂ဝ၁၈ ကို ကြာသပတေးနေ့က ပြီးဆုံးခဲ့ပါတယ်။

ဆယ်ရက်ကြာ လေ့ကျင့်မှုအတွင်း မြို့ပြအကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဓားစာခံ ကယ်ဆယ်ရေးကို လေ့ကျင့်ခဲ့တာပါ။
နှစ်နိုင်ငံက စစ်သည်တွေဟာ လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်ရေး တွယ်တက် လျှောဆင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖြုတ်သိမ်းတာတွေ အပါအဝင် ဘာသာရပ် ဆယ်မျိုးကို ပြီးမြောက်အောင် လေ့ကျင့်ခဲ့ပါတယ်။
တရုတ်-နီပေါ ပူးတွဲ စစ်ရေးလေ့ကျင့်တာကို ၂ဝ၁၇ မှာ စခဲ့တာပါ။ နိုင်ငံတကာ အကြမ်းဖက်မှု နှိမ်နင်းရေး၊ ဒီနယ်ပယ်အပေါ် အတွေ့အကြုံတွေ ပူးတွဲဖလှယ်မှု အားဖြည့်ရေးနဲ့ တရုတ်-နီပေါ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အာရုံစိုက်ထားပါတယ်။

DVB

No comments:

Post a Comment