Saturday, September 29, 2018

ဂျာမနီရောက် တူရကီသမ္မတကို လူထောင်ချီ ဆန္ဒပြ



ဂျာမနီနိုင်ငံကို ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အနေနဲ့ အလည်အပတ်ရောက်နေတဲ့ တူရကီသမ္မတ အာဒိုဝမ်ကို ထောင်နဲ့ချီတဲ့အာဒိုဝမ်ကို ဆန့်ကျင်သူတွေက ဘာလင်မြို့မှာ စက်တင်ဘာလ ၂၈ ရက်တုန်းက ဆန္ဒပြခဲ့ကြပါတယ်။ 


ဆန္ဒပြသူတွေကတော့ သမ္မတ အာဒိုဝမ်ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ဆန့်ကျင်သူဖြစ်တယ်၊ ဂျာမနီအနေနဲ့ ဒီလိုအာဏာရှင်တဦးကို မထောက်ခံသင့်ဘူးလို့ ပြောပါတယ်။ 



ဒါ့ပြင် အာဒိုဝမ်နဲ့ ဘာသဘောတူညီချက်မှ မလုပ်ပါနဲ့၊ ဆီးရီးယားဒေသဖြစ်တဲ့ အာဖရင်ကို ရည်ညွှန်းပြီး အာဖရင်နဲ့ တသားတည်းရှိတယ်ဆိုတဲ့ ဆောင်ပုဒ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ 



အဲဒီအစောပိုင်းတုန်းကတော့ သမ္မတအာဒိုဝမ်ဟာ တူရကီကို အီးယူအဖွဲ့ဝင် ဖြစ်လာနိုင်ရေး ဂျာမနီ အဓိပတိ အန်ခလာမာကယ်နဲ့ တွေ့ဆုံဆွေးနွေးထားတယ်လို့ ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ 



တူရကီမှာ ၂၀၁၆ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို နှိမ်နင်းမှုတွေကြောင့် တူရကီနဲ့ ဂျာမနီကြား ဆက်ဆံရေး ယိုယွင်းခဲ့ပြီး သမ္မတအာဒိုဝမ်ရဲ့ ဂျာမနီခရီးစဉ်ဟာ ဒီဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ ရည်ရွယ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment