Sunday, September 30, 2018

အင်ဒိုနီးရှားတွင် အားပြင်းငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၈၃၂ ယောက်အထိ ရှိ


အင်ဒိုနီးရှားနိုင်ငံ အလယ်စူလာဝေဆီပြည်နယ်မှာ အင်အားပြင်းငလျင်နဲ့ ဆူနာမီတို့ကြောင့် သေဆုံးသူဦးရေဟာ စင်တင်ဘာ ၃၀ ရက် နေ့လယ်တနာရီအချိန်မှာ ၈၃၂ ယောက်ထိ ရောက်သွားပြီလို့ အင်ဒိုနီးရှား ကပ်ဘေးစီမံရေး အမျိုးသားဘုတ်အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ 
လူအများအပြားက အပျက်အစီးတွေအောက်မှာ မြုပ်နေဆဲဖြစ်ပြီး အလောင်း အမြောက်အမြားကလဲ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးလို့ သေဆုံးသူ အရေအတွက် မြင့်လာမယ်လို့လည်း ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။ 

ပါလိုမြို့ တမြို့တည်းကတင် ၈၂၁ ယောက် သေဆုံးပြီး ဒွန်ဂါလာခရိုင်မှာ ၁၁ ယောက် သေဆုံးတယ်၊ တချို့က ငလျင်ကြောင့် အဆောက်အဦပြိုကျလို့ သေတာဖြစ်ပြီး တချို့က ဆူနာမီကြောင့် သေတာလို့ သူက ပြောပါတယ်။


DVB

No comments:

Post a Comment