စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ ဟဲနုကျေးရွာမှာ စက်တင်ဘာ ၃၀ ရက်နေ့ ၁ နာရီခွဲ လောက်က လမ်းပြုပြင်ဖို့အတွက် မြေအားတူးဖြိုရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် သေနတ်ကျည်ဆန်တွေ တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်မှာ မော်လူးမြို့ ဟဲနုကျေးရွာ မင်းသစ္စာရပ်ကွက် ဦးမောင်မောင်နေအိမ်ရဲ့ အနောက်တောင်ကုန်းမှာ ဟဲနုကျေးရွာရာအိမ်မှူး ဦးကျော်ဌေးနဲ့ ရွာသားတွေက လမ်းခင်းဖို့ အတွက် မြေကျင်းတူးရာကနေ ဒုတိယကမ္ဘာစစ်လက်ကျန် ရိုင်ဖယ်ကျန်ဆန် ၁၀၀၉ တောင့်၊ ခြောက်လုံးပြူကျန်ဆန် ၂၅ တောင့်ကို တွေ့ရှိခဲ့ပါတယ်။
မော်လူးနယ်မြေရဲစခန်းမှူး ရဲအုပ်မင်းနဲ့ တပ်ဖွဲ့ဝင်တွေက ကျန်ဆန်တွေကို သွားရောက် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
သတင်း – Khin Swe
DVB






No comments:
Post a Comment