ဒိန်းမတ်နိုင်ငံက ချင်း၊ ကယားနှင့် တနင်္သာရီတိုင်းတို့ရှိ အသေးစား၊ အလတ်စားစီးပွား ရေးလုပ်ငန်း (SME) ၁၈၂ ခုကို ငွေကြေးထောက်ပံ့မည်ဟု မြန်မာနိုင်ငံဒိန်းမတ်သံရုံးက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ကူညီရေး လုပ်ငန်းများလုပ်ဆောင်နေသည့် Responsible Business Fund (RBF) Board က အဆိုပါအကူ အညီပေးရန် ဆုံးဖြတ်ခြင်းဖြစ် သည်။ SME လုပ်ငန်း ၂၀၂ ခု အနက် အထက်ပါ ၁၈၂ ခုကို ရွေး ချယ်ခဲ့သည်။
အဆိုပါအထောက်အပံ့ကို ဒိန်းမတ်နိုင်ငံက နှောင်ကြိုးမဲ့အကူအညီပေးခြင်းဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ကျော်က စတင်ပေးအပ် ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေး ၀င်းက ပြောသည်။
‘‘အရင်က စစ်ကိုင်း၊ မကွေး၊ ရှမ်းဘက်မှာ လုပ်တယ်။ လက် ဖက်တောင်သူတွေကို အဓိကပေး တာ။ အရင်ဆုံးလုပ်ငန်းရှင်က ၄၀ရာခိုင်နှုန်းစိုက်ထုတ်ပြီးမှ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုပေးတာပါ။ လုပ် ငန်းရှင်တွေ အမှန်တကယ်ရကြပါ တယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် RBF က ထောက်ပံ့ထားသည့် SME လုပ်ငန်း ၁၅၀ ကျော်ရှိပြီး ထောက်ပံ့ငွေအပြည့် အ၀ရရှိပြီဟု ၎င်းကဆက်လက် ပြောကြားသည်။ ထိုလုပ်ငန်းများ ကို နှစ်ကြိမ်ခွဲ၍ ရွေးချယ်ခြင်း ဖြစ်သည်။
RBF သည် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများကုန်ထုတ်လုပ် မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ကောင်းမွန် လာစေရန် ကဏ္ဍခုနစ်ခုတွင် ထောက်ပံ့မည်ဖြစ်သည်။ ယင်း တွင် စွမ်းအင်၊ ရေသန့်၊ ရေဆိုး၊ကျန်းမာရေး၊ အစားအသောက် ဘေးကင်းရေး၊ စီမံခန့်ခွဲမှုစသည့် ကဏ္ဍများပါဝင်ပြီး ကျပ် ၁၂ဒသမ ၅ ဘီလီယံအကူအညီပေးမည့် စီမံချက်ဖြစ်သည်။
ထောက်ပံ့ငွေ ပေးရာတွင် အနည်းဆုံးလုပ်ငန်း ၂ နှစ် လည်ပတ်ရမည်ဖြစ်ပြီး ပြင်ပစာရင်းစစ် ဖြင့် စစ်ဆေးပြီးရမည်ဟုဆိုသည်။
7Day
No comments:
Post a Comment