ဂရိနိုင်ငံမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း West Nile ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။
ဒါ့ကြောင့် အခုနှစ်အစောပိုင်းကတည်းကဆိုရင် နိုင်ငံတဝှမ်းမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာတယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။
မေလမှာ ပထမဆုံးကူးစက်မှု ဖြစ်ပြီးကတည်းက West Nile ဗိုင်းရပ်စ် ကူးစက်မှု ၂၇၁ ခုအထိ ရှိခဲ့တယ်လို့ ဂရိ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လက်ရှိမှာ ကူးစက်ခံရသူ ၂၁ ဦး ဆေးကုသခံယူနေပြီး ၁၄ ဦးဟာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဒီဗိုင်းရပ်စ်ကို ဂရိမှာ ၂၀၁၀ ပြည့်နှစ်က စတင်တွေ့ခဲ့တာဖြစ်ပြီး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သေဆုံးသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။
West Nile ဗိုင်းရပ်စ်ပိုးသယ်တဲ့ခြင် အကိုက်ခံရမယ်ဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပြီး ဗိုင်းရပ်စ်ကြောင့် အာရုံကြောစနစ်ကို သက်ရောက်မှုရှိသလို ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။
DVB

No comments:
Post a Comment