Tuesday, October 30, 2018

ဖိလစ်ပိုင်တွင် လျှပ်စစ် သုံးဘီးအငှားကားများ စတင်အသုံးပြု



ဖိလစ်ပိုင်နိုင်ငံ ဘိုရာကေးကျွန်းကို ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို လျှပ်စစ်သုံးဘီးကားတွေက ကြိုဆိုနေပါတယ်။ ဘိုရာကေး ဒေသန္တရအစိုးရက ဒေသတွင်း သုံးဘီးကားလို့ သိကြတဲ့ မော်တာတပ် ဆိုက်ကားတွေ အားလုံးကို အပြီးဖျက်သိမ်းဖို့ ဧပြီလက အမိန့်ထုတ်ခဲ့ပါတယ်။ 
အဲဒီနောက် ဒေသခံ ယာဉ်မောင်းတွေကို အဲဒီ သုံးဘီးကားတွေအစား လျှပ်စစ်သုံးဘီးကားတွေကို ပြောင်းသုံးဖို့ ဒီနှစ်ကုန်ပိုင်းကို နောက်ဆုံးထား ရက်သတ်မှတ်ခဲ့ပါတယ်။ 

သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးအတွက် ဒီစီမံကိန်းကို ခရီးသည်တွေက ကြိုဆိုပေမယ့် ယာဉ်မောင်းသူတွေက ကုန်ကျစရိတ်များတာနဲ့ အားပြန်သွင်းချိန် လေးနာရီကြောင့် အလုပ်ချိန် လျော့တာတွေအတွက် မကျေမနပ် ဖြစ်နေပါတယ်။ 

မော်တာတပ် ၃ ဘီးဆိုက်ကားဟာ တရက် ၁၃ ဒေါ်လာ ဝင်ငွေရပြီး တစီးကို အမေရိကန်ဒေါ်လာ ၇၅၀၀ ပေးရပါတယ်။ လျှပ်စစ် ၃ဘီးကားကတော့ ဈေး ၂ ဆကြီးပြီး စွမ်းရည်လည်း ၂ ဆရှိတယ်လို့ ဖိလစ်ပိုင်မီဒီယာမှာ ဖော်ပြပါတယ်။ 

DVB 


No comments:

Post a Comment