Wednesday, October 3, 2018

တောင်သူဦးကြီးများအား မက်လုံးပေးလိမ်ညာသည့် ကုမ္ပဏီအချို့နှင့်ပတ်သက်၍ စီမံ/ဘဏ္ဍာဝန်ကြီးဌာနမှ အသိပေးကြေညာ


ကုမ္ပဏီအချို့မှ ငွေချေးငှားခွင့်လိုင်စင်မရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ - ၇ မိတ္တူကို ရယူပြီး မြေ ၁၀ဧကလျှင် ငွေ ၅သိန်း ၁၀သိန်းချေးပေးမည်ဟုဆိုကာ ၀န်ဆောင်ခ လိမ်ညာကောက်ခံမှုများရှိနေသဖြင့် အဆိုပါ မက်လုံးပေး၍ အယုံသွင်းလိမ်ညာမှုများမခံရစေရန်နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်တစ်ရပ်ကို နိုင်ငံပိုင် သတင်းစာများတွင် ယနေ့ ထည့်သွင်းဖော်ပြထားသည်။

Source - ၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ ကြာသပတေးနေ့၊ (၄-၁၀-၂၀၁၈) ကြေးမုံ သတင်းစာ၊ စာမျက်နှာ - ၁၁
#Popular News Journal

0 comments:

Post a Comment