ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်(၇)ခုတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၃ဝ ရက်နေ့၊ ညနေပိုင်းမှ စတင်ကာ မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
"နောက်ထပ် ကျနော်တို့ ရခိုင်တွေ အကျိုးခံစားခွင့်၊ လိုချင်တာတွေတော့ အများကြီးရှိပါသေးတယ်။ ဒီမီးလင်းတာတစ်ခုတည်းဟာ ကျနော်တို့အတွက် အဖြေမဟုတ်သေးဘူးလို့ ယုံကြည်ထားပါတယ်။ "ဟု ဘူးသီးတောင်မြို့ခံ ကိုမောင်ဝင်းနိုင်က ပြောသည်။
ဘူးသီးတောင်မြို့ပေါ်ရပ်ကွက် များအား အောက်တိုဘာ ၃ဝ ရက်နေ့ ညနေ ၇ နာရီ ၃၆ မိနစ်မှစတင်ထုတ်လွှတ်ပေးထာြး ခင်းဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မောင်တောနှင့် မာန်အောင်မြို့များတွင် လျှပ်စစ်မီး ၂၄ နာရီရရှိရန် ကျန်နေသေးသည်။
Central News Myanmar

No comments:
Post a Comment