မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာတွင် အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် မိုးရွာသွန်းမှုများပြားပြီး ကားလမ်းရေကျော်နေကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ပခုက္ကူ- မန္တလေး၊ ရန်ကုန်- ရေစကြို ကားလမ်းတွင် ရေကျော်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလာသည့်ကားများနှင့်ဆိုင်ကယ်များ အဆင်ပြေစေရန် ရေစကြိုမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးညီညီအောင်ဦးဆောင်သောအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်ကျော်ဇင်-ရေစကြို(အကုန်သိသတင်းဌာန)













No comments:
Post a Comment