Tuesday, October 30, 2018

အသက် ၃၀ အောက် ဗြိတိန်အကြွယ်ဝဆုံးစာရင်း၌ အဆိုတော် အဒဲလ် ထိပ်ဆုံးရပ်တည်


ဗြိတိန်နိုင်ငံရဲ့ အသက် ၃၀ နဲ့အောက် အကြွယ်ဝဆုံး ကျော်ကြားသူတွေစာရင်းမှာ နာမည်ကြီး အမျိုးသမီးအဆိုတော် အဒဲလ်က ခန့်မှန်းခြေ ၀င်ငွေပေါင် ၁၄၇ ဒဿမ ၅ သန်းနဲ့ ဦးဆောင်ရပ်တည်နေပါတယ်။ 
သူ့နောက်မှာတော့ အဆိုတော် အက်ဒ်ရှရန်က ၀င်ငွေပေါင် ၉၄ သန်းနဲ့ရပ်တည်နေပြီး တတိယနေရာမှာတော့ ဟယ်ရီပေါ်တာသရုပ်ဆောင်မင်းသား ဒန်နီရယ်ရက်ဒ်က လစ်ဖ်က ၀င်ငွေပေါင် ၈၇ သန်းနဲ့ ရှိနေပါတယ်။ 

တနှစ်တာဝင်ငွေ အကောင်းဆုံးကြွယ်ဝချမ်းသာသူ ကျော်ကြားသူတွေ စာရင်းထဲမှာ တခြား အနုပညာရှင်စတားတွေအနေနဲ့ One Direction တေးဂီတအဖွဲ့ဝင်တွေ၊ သရုပ်ဆောင်မင်းသမီး အမ်မာဝက်တ်ဆန်နဲ့ Star Wars ရုပ်ရှင်သရုပ်ဆောင် ဂျွန်ဘိုယေဂါတို့လည်း ပါဝင်နေတာပါ။ 

ဒီစာရင်းကိုတော့ နာမည်ကျော် Heat မဂ္ဂဇင်းက ကျော်ကြားသူ အနုပညာရှင်တွေရဲ့ စံချိန်တင် အနုပညာကြေးတွေအရ တွက်ချက်ပြီး ဗြိတိန်ရဲ့ အသက် ၃၀ အောက်အ ကြွယ်ဝဆုံးကျော်ကြားသူတွေအဖြစ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


DVB

No comments:

Post a Comment