မြေယာပြဿနာနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အမျိုးသားမြေဥပဒေတခု ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်မှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောတာပါ။
အစိုးရက စီမံခန့်ခွဲတဲ့ မြေတွေမှာ ၀င်ရောက်နေထိုင်တဲ့ မြေယာအငြင်းပွားမှုတွေ ကြုံနေရတာ၊ မြေဧရိယာကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမပေးနိုင်တာ၊ တည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ ခေတ်စနစ်နဲ့အညီ ပြုပြင်ပြဋ္ဌာန်းပေးဖို့သလို ဥပဒေတွေ ချိတ်ဆက်မှု မရှိတာ၊ အဂတိတရားနဲ့ ဆောင်ရွက်မှုတွေ ရှိနေတာ၊ မြေအသုံး ချမှု ဦးစားပေးအစီအစဉ်တွေ ကြိုတင်ရေးဆွဲမှု အားနည်းတာ၊ မြေသယံဇာတ အချက်အလက်နဲ့ မြေပုံတွေ တိကျမှန်ကန်မှု မရှိတာစတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
“ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် မြေယာစီမံခန့်ခွဲမှုနဲ့ဆက်စပ်တဲ့ လက်ရှိဥပဒေတွေကို လေ့လာဆန်းစစ်ပြီး ပြည်သူကို အကျိုးပြုနိုင်မယ့် မူဝါဒ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စီမံခန့်ခွဲမှုပုံစံတွေ ဖြစ်ပေါ်လာစေဖို့ ဒီဥပဒေတွေကို လွှမ်းခြုံတဲ့ အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်”လို့ ဦးဟင်နရီဗန်ထီးယူက ဆိုပါတယ်။
အမျိုးသားမြေအသုံးချမှုကောင်စီအနေနဲ့ အမျိုးသားမြေဥပဒေရေးဆွဲရေးနဲ့ မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေတွေ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနဲ့ ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှုနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသား အကြံပေးအဖွဲ့တွေ ဖွဲ့စည်းပြီး မြေသယံဇာတအရင်းအမြစ်တွေ စီမံခန့်ခွဲနိုင်ရေး ဆောင်ရွက်သွား မယ်လို့လည်း ပြောပါတယ်။
တစ်နိုင်ငံလုံးရှိ သစ်တောမြေတွေမှာ ဝင်ရောက်နေထိုင်တဲ့ ကျေးလက်နေပြည်သူ စုစုပေါင်း ၁ ဒသမ ၃ သန်းရှိ ပြီး မြေဧကစုစုပေါင်း ၁ ဒသမ ၈ သန်းရှိတယ်လို့ သိရပါတယ်။
DVB

No comments:
Post a Comment