ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဓါးမကျကျေးရွာဆည်အနီးမှာ အောက်တိုဘာ(၂၈) ရက်က ရဲတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးရမိတဲ့ ပိုင်ရှင်မဲ့ကျွန်းသစ်တွေကို သယ်ဆောင်နေစဉ် အရပ်သားအချို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်တစ်ဦး ရေထဲပြုတ်ကျ သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်မှာ တရားမဝင်ဘင်္ဂါလီလူမျိုး(၅)ဦးခန့် ဓါးမကျချောင်းမှာ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ တောင်ကုတ်မြို့မရဲစခန်းက ရဲအုပ်ချစ်ထွန်း ဦးဆောင်ပြီး ရဲတပ်ကြပ်ကြီး၊ တပ်ကြပ်နဲ့တပ်သား စုစုပေါင်း(၇)ဦးတို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုသွားရောက်စစ်ဆေးရာမှာ တရာမ၀င် ၀င်ရောက်လာသူ တွေကို မတွေ့ရှိတဲ့အတွက် ပြန်လှည့်လာကြရာ ဓါးမကျဆည်ဘက် အပြင်မှာ စုပုံထားတဲ့ ပိုင်ရှင်မဲ့တရားမဝင် ကျွန်းသစ်တွေကိုတွေ့ရှိ ခဲ့ပါတယ်။ အဲဒီကျွန်းသစ်တွေကို သက်သေတွေနဲ့သိမ်းဆည်းပြီး အလုပ်သမားတွေနဲ့အတူ စက်လှေတွေပေါ်ကိုတင်ဆောင်နေစဉ် အရပ်သား(၄၅)ဦးခန့် က တုတ်၊ဓါး၊လေးဂွတွေ ကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အရပ်သားတွေများတဲ့ အတွက် စက်လှေပေါ်တက်ကာ ဆုတ်ခွာချိန်မှာ ရဲတပ်ကြပ် မျိုးမင်းအေးမှာ လှေပေါ်ကနေပြုတ်ကျခဲ့တာလို့ တောင်ကုတ်မြို့မ ရဲစခန်းက ရဲအုပ်ချစ်ထွန်းကပြောပါတယ်။
အဲဒီဖြစ်စဉ်အတွက် ရဲအုပ်ချစ်ထွန်းက ဝတ္တရားနှောက်ယှက်မှုနဲ့ အမှုဖွင့်တိုင်တန်းထားပြီးပစ်ခတ်နှောက်ယှက်သူတွေကို စုံးစမ်းဖော်ထုတ်အရေးယူနိုင်ဖို့အတွက် တောင်ကုတ်မြို့မရဲစခန်းက ဆက်လက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
သတင်း-ကျော်လွင်








0 comments:
Post a Comment