အမေရိကန်နိုင်ငံ ပစ်စဘတ်ခ်ျမြို့မှာ ဂျူးဆန့်ကျင်ရေး သဘောထားနဲ့ ရဟူဒီဘုရားကျောင်းအတွင်း သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ ဂျူလူမျိုး ၁၁ ဦး သေဆုံးခဲ့တာကို သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၀ မှာ လာရောက်ကြည့်ရှုတာကို မကြိုဆိုတဲ့ သဘောနဲ့ ဘုရားကျောင်းအနီး လူအင်အား ၁၀၀၀ ကျော်က ဆန့်ကျင်ဆန္ဒပြကြပါတယ်။
“သမ္မတ အမုန်းတရား၊ တို့နိုင်ငံထဲက ထွက်သွား။”၊ “ထရမ့်၊ လူဖြူအမျိုးသားရေးဝါဒကို စွန့်လွှတ်”စတဲ့ ကြွေးကြော်သံဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အစုလိုက် ပစ်သတ်မှုဖြစ်ပွားရာ Tree of Life ဘုရားကျောင်းနား စုရုံးဆန္ဒပြကြတာ ဖြစ်ပါတယ်။
ထရမ့်နဲ့ အတူ ဇနီးသည် မယ်လန်နီယာ၊ သမီးဖြစ်သူ အိုင်ဗန်ကာနဲ့ အိုင်ဗန်ကာရဲ့ ခင်ပွန်း ဂျူးလူမျိုးဖြစ်သူ ဂျာရတ်ကူရှာနာတို့ လိုက်ပါပြီး သေဆုံးသူ ၁၁ ဦးအတွက် ဖယောင်းတိုင် ထွန်းညှိကြပါတယ်။
အောက်တိုဘာ ၂၈ ရက်က ဂျူးဆန့်ကျင်ရေးဝါဒီ ရောဘတ်ဘိုးဝါးစ်ဆိုသူဟာ “ဂျူးတွေ အကုန် သေရမယ်။”လို့ ဟစ်ကြွေးရင်း ဘုရားကျောင်းမှာ ၀င်ရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုအတွင်းမှာ ၁၁ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲနဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဘိုးဝါးစ်လည်း ဒဏ်ရာရအဖမ်းခံရပြီး ဆေးရုံမှာ တင်ထားကုသနေရပါတယ်။
ဒီပစ်မှတ်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ဂျူးဆန့်ကျင်ရေး ပစ်ခတ်သတ်ဖြတ်မှုတစ်ရပ် ဖြစ်ဖွယ်ရှိပါတယ်။
Mizzima

No comments:
Post a Comment