Tuesday, October 2, 2018

အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ရွေးကောက်ပွဲ လူစုရုံးမှုကို အသေခံဗုံးခွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး



အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ လွှတ်တော်ရွေးကောက်ပွဲ လူစုရုံးမှုကို အောက်တိုဘာ ၂ ရက်က အသေခံဗုံးခွဲရာ သေဆုံးသူ ၁၄ ဦး ရှိပြီး ဒဏ်ရာရသူပေါင်း ၄၇ ဦးအထိ ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။ 
ပြည်နယ်ရဲ့ ကာမာခရိုင်က လွှတ်တော်အမတ် အဗ္ဗဒူနာဆာရဲ့ မဲဆွယ်စည်းရုံးမှု ပြုလုပ်ချိန် ဒေသစံတော်ချိန် နေ့လယ် တစ်နာရီခွဲလောက်မှာ အသေခံဗုံးခွဲသမားက ဗုံးခါးပတ်ကို ဖော်ခွဲလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။ 

ဒဏ်ရာရသူအများအပြားမှာလည်း စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ပြောခွင့်ရသူ ခိုဂန်နီက ဆိုတာကြောင့် သေဆုံးဦးရေ ထပ်တိုးလာနိုင်ခြေ ရှိနေပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ ပါလီမန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေဟာ စက်တင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပနေတာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ယှဉ်ပြိုင်သူတွေက မဲဆွယ်စည်းရုံးလျက်ရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လတွေမှာလည်း အာဖဂန်နစ္စတန်မှာ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ဆန့်ကျင်တိုက်ခိုက်မှုတွေ ဒါဇင်များစွာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

Mizzima - News in Burmese

0 comments:

Post a Comment