အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည်တင် ဂျက်လေယာဉ်တစီး ပျက်ကျသွားခဲ့ပြီးတဲ့နောက် လူမှုကွန်ရက် အသုံးပြုသူတွေကို သတင်းမှားတွေ မဖြန့်ဝေကြဖို့ အစိုးရက သတိပေးလိုက်ပါတယ်။
တနင်္လာနေ့က ခရီးသည် ၁၈၉ ဦးပါ Lion Air လေကြောင်းက ဂျက်လေယာဉ်တစီး ဂျာကာတာ က အတက် ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။ မကြာခင်မှာပဲ လူမှုကွန်ရက် မီဒီယာတွေမှာ လေယာဉ်နဲ့ ပတ်သက်တဲ့ လုပ်ကြံ သတင်းမှားတွေ အများအပြားတက်လာခဲ့ပါတယ်။
လေယာဉ်ပေါ်ပါသွားသူတွေရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအမှားတွေ၊ ဗီဒီယိုတွေ မဖြန့်ဝေကြဖို့၊ ဥာဏ်ပညာရှိကြဖို့ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ ပြောခွင့်ရသူက တွစ်တာ လူမှုကွန်ရက်ကတဆင့် တိုက်တွန်းလိုက်ပါတယ်။
ပို့စ်တခုမှာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လှေမှောက်ရာက ကယ်ဆယ်နိုင်ခဲ့တဲ့ ကလေးငယ်တဦးရဲ့ ဓါတ်ပုံကို၊ Lion Air လေယာဉ်ပျက်ကနေ အသက်မသေ ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်အဖြစ် ဖေါ်ပြထားရာမှာ ထပ်ဆင့်ဖြန့်ဝေသူပေါင်းထောင်ဂဏန်းရှိခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဘေးအန္တရာယ်တရပ်ပေါ်ပေါက်လာတိုင်း အင်တာနက် လုပ်ကြံဖန်တီးမှုတွေ၊ လုပ်ကြံသတင်းမှားတွေဟာ ကာလကြာရှည်ရှိနေတဲ့ ပြဿနာဖြစ်နေပါတယ်။
RFA







0 comments:
Post a Comment