Tuesday, October 2, 2018

မြေငလျင်ဒဏ်ခံ အင်ဒိုနီးရှား ဘုရားကျောင်းတခုတွင် ကျောင်းသား ၃၄ ဦး အလောင်းတွေ့ရှိ


အင်ဒိုနီးရှား မြေငလျင်နဲ့ ဆူနာမီလှိုင်းသက်ရောက်ခဲ့တဲ့ ပါလူမြို့ ဘုရားကျောင်း တခုကနေ ကျောင်းသားအလောင်း ၃၄ လောင်း အောက်တိုဘာ ၂ ရက်နေ့မှာ တွေ့ခဲ့ပါတယ်။ 
သူတို့ဟာ ဘုရားကျောင်းထဲမှာ အစည်းအဝေးလုပ်နေတုန်း ရွှံ့မြေပြိုတာကြောင့် အခုလို သေဆုံးခဲ့ရတာလို့ သဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီအလောင်းတွေကို ပါလူမြို့နားက စုပေါင်း သုသာန်တခုမှာ မြှုပ်နှံခဲ့ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းထိ အတည်ပြုထားတဲ့ သေဆုံးသူ ၈၄၄ ဦး ရှိနေပါတယ်။ 

ကပ်ဘေးသင့်မှု အဆိုးဆုံးနေရာတွေဆီ ဆက်သွယ်ရေး ပြတ်တောက်နေလို့ သေဆုံးသူဦးရေ ထောင်ချီ မြင့်တက်လာဖွယ် ရှိတယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။ 

မြေငလျင်ကြောင့် လူ ၅ သောင်းဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ ဘေးအန္တရာယ်ကျပြီး ၄ ရက်မြောက်နေ့မှာ အစားအစာနဲ့ ရေမရရှိတာကြောင့် ဒေသခံတွေဟာ ဒေါသထွက်နေကြတာပါ။ 

ဒါ့အပြင် လောင်စာဆီပြတ်တောက်နေပြီး ဒေသခံတွေဟာ ဓာတ်ဆီဆိုင်မှာ အချိန်ကြာကြာ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB


0 comments:

Post a Comment