Tuesday, October 2, 2018

ဒေါ်လာဈေးကြောင့် စက်တင်ဘာအတွင်း မြန်မာ့ကုန်ထုတ်ကဏ္ဍ ထိခိုက်မှုများ ကြုံခဲ့ဟုဆို



ဒေါ်လာဈေး အတက်ကြမ်းခဲ့ခြင်း နှင့်အတူ စက်တင်ဘာအတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထိခိုက်မှုများ ကြုံခဲ့သည်။ 
မြန်မာငွေနှင့် ယှဉ်လျှင် ဒေါ်လာတန်ဖိုး မြန်ဆန်စွာမြင့် တက်ခဲ့ခြင်းကြောင့် သွင်းကုန်များ အတွက် စရိတ်စကနှင့် ထုတ်ကုန် များအတွက် ကုန်ကျစရိတ်ပါ ပိုမို များပြားခဲ့ကြောင်း Nikkei AsianReview သတင်းဌာနက ဖော်ပြ သည်။ မြန်မာ့ကုန်ထုတ်လုပ်ငန်း ၏ ဝယ်လိုအားညွှန်းကိန်း PMI သည် ဩဂုတ်တွင် ၄၆ ဒသမ ၄ ရှိခဲ့ရာမှ စက်တင်ဘာတွင် ၄၇ ဒသမ ၅ ရာခိုင်နှုန်းသို့ တက်လာခဲ့သော် လည်း ကဏ္ဍတစ်ခုလုံးအနေဖြင့် ထိခိုက်မှု ကြီးကြီးမားမားရှိခဲ့ ကြောင်း Nikkei Asian Review က ဆိုသည်။ 

ပျမ်းမျှအားဖြင့် ညွှန်းကိန်း တန်ဖိုး ၅၀ အထက်သည် စီးပွားရေးဖွံ့ဖြိုးလာမှုကို ညွှန်ပြပြီး ၅၀ အောက်မှာ ဆုတ်ယုတ်နေ သည်ဟု ရည်ညွှန်းနိုင်သည်။ 

စက်တင်ဘာအတွင်း ကုန် ထုတ်လုပ်မှု၊ အမှာစာအသစ်ရရှိ မှုနှင့် အလုပ်အကိုင်ဝန်ထမ်း ခန့် အပ်မှုအားလုံး ပျမ်းမျှအတိုင်း အတာထက် လျော့ကျခဲ့ပြီး ထုတ် ကုန်ပမာဏသည်လည်း သုံးလ ဆက်တိုက် ကျဆင်းခဲ့သည်။ 

‘‘အခက်တွေ့နေတဲ့ အခြေအနေအားလုံးရဲ့ ဗဟိုချက်က တော့ အမေရိကန်ဒေါ်လာဈေး တစ်ဟုန်ထိုး မြန်မြန်ဆန်ဆန်ကြီး မြင့်တက်သွားတာပါပဲ။ ဒါက သွင်းကုန်ကဏ္ဍမှာ ဈေးနှုန်းတွေ ကြီးမြင့်လာစေပါတယ်’’ဟု IMS Markit စီးပွားရေးပညာရှင် ဆိုင်ယန်ဂျုံးစ် က ဆိုသည်။ 



7Day 



No comments:

Post a Comment