၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမယ့် ဆန္ဒမဲလက်မှတ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ အောက်တိုဘာလ ၂ ရက်နေ့က စတင်လွှဲပြောင်းခဲ့ပါတယ်။
ပထမတစ်ကြိမ် ကြိုတင်မဲဆန္ဒရှင်တွေအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က စတင်ထုတ်ပေးခဲ့ပြီး အခုချိန်မှာ မဲဆန္ဒနယ် ၁၃ နေရာအတွက် မဲရုံတွေမှာ မဲပေးမယ့် လက်မှတ်တွေ စတင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒမဲလက်မှတ်တွေကို လုံခြုံရေးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတ်မှတ်ပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက စီစဉ်ပေးမှာဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေမှာ ထိန်းသိမ်းသွားမှာလည်း ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေက ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ဖြစ်ပါတယ်။ ဒါ့အပြင် လစ်လပ်တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေအဖြစ် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရဲ့ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ပါဝင်တာဖြစ်ပါတယ်။
MCN

No comments:
Post a Comment