Tuesday, October 2, 2018

ကိုရီးယား နှစ်နိုင်ငံ တတိယအကြိမ် တွေ့ဆုံမှုကို မြန်မာအစိုးရ ကြိုဆို


တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ ပြုံယမ်းမြို့မှာ တတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့တာကို မြန်မာအစိုးရက ကြိုဆိုကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ 
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၀ ရက်နေ့အထိ ပြုံယမ်းမြို့မှာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း အပါအဝင် အပြုသဘောဆောင် တိုးတက်မှုတွေ ရရှိခဲ့တာကို မြန်မာအစိုးရက ချီးကျူးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ကတိကဝတ်နဲ့ ကြိုးပမ်းအားထုတ်မှုကို မြန်မာအစိုးရက ချီးကျူးကြောင်းလည်း ဖော်ပြထားပါတယ်။ 


No comments:

Post a Comment